Trending Now

မန္တလေးတိုင်းတရားလွှတ်တော်ရုံး လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရ

Spread the love

မန္တလေးတိုင်းတရားလွှတ်တော်ရုံး လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရ

EPN
မန္တလေး၊ ဇန်နဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ၁၀၄ လမ်းနှင့် ၁၀၅ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးအား ဇန်နဝါရီလ ၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် အကြမ်းဖက်သမားများမှ လက်လုပ်ဗုံးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ၁၀၄ လမ်းနှင့် ၁၀၅ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး တရား လွှတ်တော်ရုံးအား ၆၈ လမ်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်း ဖက်သူ အမျိုးသား ၂ ဦးက လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ တရားလွှတ်တော် ရုံး ခြံစည်းရိုးနှင့် လမ်းဘေးပလက်ဖောင်းအကြားရှိ ရေမြောင်းအနီးကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
No photo description available.

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။