Trending Now

သင်္ဘောနှစ်မြုပ်၍ အန္တရာယ်ကြုံတွေ့သည့် မြန်မာနိုင်ငံသား ၈ ဦးအား တရုတ်သင်္ဘောသားများက ကယ်ဆယ်ခဲ့ကြောင်း တရုတ်သံရုံးထုတ်ပြန်

Spread the love

သင်္ဘောနှစ်မြုပ်၍ အန္တရာယ်ကြုံတွေ့သည့် မြန်မာနိုင်ငံသား ၈ ဦးအား တရုတ်သင်္ဘောသားများက ကယ်ဆယ်ခဲ့ကြောင်း တရုတ်သံရုံးထုတ်ပြန်

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၉

တရုတ်နိုင်ငံသင်္ဘောသားများက ပင်လယ်ပြင်တွင် သင်္ဘောနှစ်မြုပ်၍ အန္တရာယ်ကြုံတွေ့သည့် မြန်မာနိုင်ငံသား ၈ ဦးအား ကယ်ဆယ်ခဲ့ကြောင်း တရုတ်သံရုံးက သြဂုတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

သြဂုတ်လ ၂၆ ရက်နေ့မနက်ပိုင်းတွင် တရုတ်နိုင်ငံ Wuhan Fuyang Maritime Service Co.,Ltd အုပ်ချုပ်သည့် TRUMP SW သင်္ဘောက ဗီယက်နမ်နိုင်ငံဆိပ်ကမ်းသို့ ခုတ်မောင်းသည့် ရေကြောင်းခရီးစဉ်အတွင်း၌ အန္တရာယ်ကြုံတွေ့သော မြန်မာနိုင်ငံသား ၈ ဦးအား ကယ်ဆယ်ခဲ့သည်ဟု ဆိုသည်။

ကနဦးသိရှိချက်များအရ ကယ်ဆယ်ခံရသည့် မြန်မာလူမျိုးများသည် ငါးဖမ်းသင်္ဘောက လေမုန်တိုင်းတိုက်ခတ်မှုကြောင့် နစ်မြုပ်သွားရာ ၎င်းတို့ကမျောပါနေသော ဆီဗုံးကိုအမှီပြု၍ ပင်လယ်အတွင်း၌ နှစ်ရက်နှစ်ည မျှောပါနေသည်ဟု ဖော်ပြထားသည်။

TRUMP SW သင်္ဘောမှ သင်္ဘောသားများက မြန်မာနိုင်ငံသား ၈ ဦးအနက် ခြေသလုံးတွင် ဒဏ်ရာရရှိသူအတွက် ဒဏ်ရာပိုးသတ် ဆေးထည့်ပတ်တီးစည်းမှုများလုပ်ဆောင်ပေးခဲ့ပြီး အခြားလူများကလည်း ရေမိုးချိုးပိုးသန့်စင်ပြီးနောက် အစားအစာများစားသုံးခဲ့ကြောင်း ဖော်ပြပါရှိသည်။

ကယ်ဆယ်ခံရသည့် မြန်မာလူမျိုး ၈ ဦးက TRUMP SW သင်္ဘောနှင့်အတူ ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။