Trending Now

နိုင်ငံကူးလက်မှတ် လျောက်ထားသည့် စနစ်အား မတ်လ ၂၁ ရက်နေ့မှ စတင်ပြောင်းလဲမည်

Spread the love

နိုင်ငံကူးလက်မှတ် လျောက်ထားသည့် စနစ်အား မတ်လ ၂၁ ရက်နေ့မှ စတင်ပြောင်းလဲမည်

EPN

မြစ်ကြီးနား၊ မတ် ၁၄

မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ်(Passprot) လျောက်ထားသည့် စနစ်အား မတ်လ ၂၁ ရက်နေ့မှ စတင်၍ အွန်လိုင်းမှ တဆင့်ရက်ချိန်းရယူပြီးမှသာ လျောက်ထားခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။

ပုံမှန်အခြေအနေများတွင် နိုင်ငံကူးလက်မှတ်ရရှိရန် ရုံးသို့ လူကိုယ်တိုင်လာရောက်လျောက်ထားရသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေများကြောင့် ယခုကဲ့သို့ အွန်လိုင်းမှ တဆင့် ရက်ချိန်းယူသည့် စနစ်အား ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လာမည့် မတ်လ ၂၁ ရက်နေ့မှ စတင်ပြီး နိုင်ငံကူးလက်မှတ် ပြုလုပ်လိုသူများ အနေဖြင့် www.passport.gov.mm ဝက်ဘ်ဆိုက်တွင် online booking စနစ်ဖြင့် ရက်ချိန်းရယူနိုင်ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် တစ်ရက်လျင် လူပေါင်း၂၅၀၀ ခန့်အား နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။