Trending Now

မြစ်ကြီးနားတွင် လျှပ်စစ်မီး မကြာခဏပြတ်တောက်မှု၊မီးသွေအိတ်ဈေးမြင့်လာမှုများကြောင့် အစားထိုး လောင်စာတောင့် ဝယ်ယူသုံးစွဲမှု ပိုများလား

Spread the love

မြစ်ကြီးနားတွင် လျှပ်စစ်မီး မကြာခဏပြတ်တောက်မှု၊မီးသွေအိတ်ဈေးမြင့်လာမှုများကြောင့် အစားထိုး လောင်စာတောင့် ဝယ်ယူသုံးစွဲမှု ပိုများလား

EPN
မြစ်ကြီးနား၊ ဩဂုတ် ၈

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးမကြာခဏပြတ်တောက်ခြင်း၊ ထင်းရှားပါလာခြင်း၊ မီးသွေးအိတ်ဈေးနှုန်းမြင့်တက်လာခြင်းတို့ကြောင့် မြစ်ကြီးနားမြို့ပေါ်စားသောက်ဆိုင်များမှ မီးသွေးအစားထိုး လောင်စာတောင့်များ ဝယ်ယူသုံးစွဲမှု ပိုမို များပြားလာကြောင်း သိရသည်။

မီးသွေးအစားထိုး လောင်စာတောင့်မှာ ထင်း၊ မီးသွေးများထက် ဈေးနှုန်းသက်သာသည့်အပြင် ပိုမိုအသုံးခံသည့်အတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်အများစုတွင် အဆိုပါလောင်စာတောင့်များကို ပြောင်းလဲအသုံးပြုနေကြခြင်းဖြစ်ကြောင်း သိရသည်။

“လောင်စာခွေ သုံးစွဲရတာက မီးသွေး၊ထင်းတွေကိုဝယ်ယူရတာ သက်သာစေတယ်၊ လောင်စာတုံးသုံးတော့ မီးသွေး၊ထင်းတွေအရမ်းမကုန်တော့ဘူး၊နောက်တစ်ခုကျတော့ လျှပ်စစ်မီးနဲ့ချက်ပြုတ်ရတဲ့ဟင်းတွေလည်း ရှိတယ် မီးပြတ်တဲ့အချိန်ဆိုဒုက္ခရောက်တယ်လေ အဲ့တာကြောင့် လောင်စာခွေ ထည့်ထားတော့ အဆင်ပြေတယ်”ဟု ၎င်းကဆိုသည်။

အစားထိုးလောင်စာတောင့်မှာ မီးသွေးမှုန့်၊ ရွှံ့စေး၊ ဖွဲများကို ပေါင်းစပ်ပြုလုပ်ထားခြင်းဖြစ်ပြီး ထင်း၊ မီးသွေးများထက် ဈေးနှုန်းသက်သာကာ ပိုမိုအသုံးခံသည့်အတွက် စားသောက်ဆိုင်များတွင် အသုံးပြုနေကြခြင်းဖြစ်သည်။

” အများဆုံးဝယ်ယူနေတဲ့သူတွေက စားသောက်ဆိုင်ကပိုဝယ်ကြတယ်၊တစ်ချို့ကြတော့လည်း အိမ်ထဲမှာ မီးပြတ်တဲ့ချိန်သုံးဖို့ဆိုပြီး တစ်အိတ်လောက်ကိုလာဝယ်တာမျိုးရှိတယ်”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

ယခင်က လောင်စာတောင့် အခွေ ၅၀ ပါ တစ်အိတ်လျှင် ၄၅၀၀ ကျပ်ဝန်းကျင်သာရှိသော်လည်း ယခုနောက်ပိုင်းတွင် တစ်အိတ်လျှင် ၅၀၀၀ အထိ ဈေးရှိလာကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။