Trending Now

မိုးညႇင္းအက်ဥ္းေထာင္တြင္ တာဝန္က် ရဲဝန္ထမ္းထံမွ အျဖဴေရာင္ေကာ္ဗူး (၂)ဗူး ႏွင့္အတူ ေတြ႕ရိွသျဖင့္ ၿမိဳ႕နယ္ရဲစခန္းတြင္ စစ္ေဆးလွ်က္ရိွ

Spread the love

မိုးညႇင္းအက်ဥ္းေထာင္တြင္ တာဝန္က် ရဲဝန္ထမ္းထံမွ အျဖဴေရာင္ေကာ္ဗူး (၂)ဗူး ႏွင့္အတူ ေတြ႕ရိွသျဖင့္ ၿမိဳ႕နယ္ရဲစခန္းတြင္ စစ္ေဆးလွ်က္ရိွ

EPN
မိုးညႇင္း၊ ေမ ၁၉

မိုးညႇင္း အက်ဥ္းေထာင္သို႔ လံုျခဳေရးအရ တာဝန္ထမ္းေဆာင္ေနေသာ ရဲဝန္ထမ္း တစ္ဦး ထံမွ မူးယစ္ေဆးဝါးဟု ယူဆရေသာ အျဖဴေရာင္ေကာ္ဗူး(၂)ဗူးကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ရဲဝန္ထမ္းအား သက္ဆိုင္ရာ တာဝန္ရိွသူမ်ားထံ လြဲအပ္ေပးခဲ့ေၾကာင္းႏွင့္ မိုးညႇင္းၿမိဳ႕နယ္ ရဲစခန္းတြင္ ၎အားစစ္ေဆးလွ်က္ရိွေၾကာင္း မိုးညႇင္းအက်ဥ္းဦးစီးဌာန၊ ေထာင္ပိုင္ တာဝန္ခံ ဦးသိန္းေဇာ္ေမာင္ထံမွ သိရသည္။

“ဟုတ္ပါတယ္ ဒါနဲ႔ပတ္သက္ၿပီး ရဲအေရးျဖစ္တဲ့အတြက္ သက္ဆိုင္ရာ ရဲဌာနကို လႊဲေျပာင္း ေပးအပ္လိုက္ပါၿပီ။ ဟိုပင္နယ္ေျမရဲစခန္းကေန အလွည့္က်တာဝန္ထမ္းေဆာင္ဘို႔ လာေရာက္သူ ျဖစ္ပါတယ္။ေရခ်ိဳးခန္းထဲမွာ ၾကာေနတဲ့အတြက္ ေထာင္ဝန္ထမ္းကို သြားေရာက္ ၾကည့္႐ူ႕ခိုင္းတဲ့အခါ ေမွာက္လွ်က္လဲက်ေနၿပီး သူလြယ္ထားတဲ့ အိတ္အတြင္းမွာ အျဖဴေရာင္ေကာ္ဗူးႏွစ္ဗူးေတြ႕ပါတယ္”ဟု ဦးသိန္းေဇာ္ေမာင္က ေျပာသည္။ 

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ဟိုပင္နယ္ေျမရဲစခန္းသို႔ ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းခဲ့ရာ စခန္းမွဴး ဗ်က္ဆန္း ကေတာ့ “ဟုတ္ပါတယ္ဗ်၊ ဒီသတင္းက အမွန္ပါ၊ သူ႕ကို မိုးညႇင္း ရဲစခန္းမွာ စစ္မယ္လို႔ သိရပါတယ္။ နာမည္က ဝင္းလြင္ဦးပါ ဒုတပ္ၾကပ္တာဝန္နဲ႔ ေမလ(၁၈)ရက္ေန႔ ညေနက တာဝန္နဲ႔ လံုၿခံဳေရး ယူဘို႔ သြားပါတယ္။ က်ေနာသိရသေလာက္က မူးယစ္ေဆးသံုးေနတာ မဟုတ္ဘဲ အရက္မူးၿပီး ေမွာက္လဲေနတံုး သူ႕ကိုရွာေဖြတဲ့အခါ သူ႕လြယ္အိတ္ထဲက ေကာ္ဗူးအျဖဴေရာင္ (၂)ဗူးေတြ႕တဲ့ အတြက္ မိုးညႇင္းၿမိဳ႕နယ္ရဲစခန္းမွာ စစ္ေဆးခံေနရတယ္လို႔ သိရပါတယ္”ဟု ဟိုပင္နယ္ေျမရဲစခန္းမွ စခန္းမွဴး ဗ်တ္ဆန္း က ယခုလိုေျဖၾကားခဲ့သည္။

တာဝန္အရ လံုၿခံဳေရးေဆာင္ရြက္ေနစဥ္ ဝန္ထမ္းက်င့္ဝတ္ႏွင့္မညီၫြတ္သျဖင့္ အဆိုပါရဲဝန္ထမ္းျဖစ္သူ ဒုတပ္ၾကပ္ ဝင္းလြင္ဦးအား မိုးညႇင္းၿမိဳ႕နယ္ရဲစခန္းတြင္ စစ္ေဆးလွ်က္ရိွေၾကာင္း မိုးညႇင္းၿမိဳ႕နယ္ရဲစခန္းမွ ၿမိဳ႕နယ္မွဴး ဦးေဇာ္ဝင္းက ေျဖၾကားခဲ့သည္။

မိုးျမင့္
—————————————————————

မိုးညှင်းအကျဉ်းထောင်တွင် တာဝန်ကျ ရဲဝန်ထမ်းထံမှ အဖြူရောင်ကော်ဗူး (၂)ဗူး နှင့်အတူ တွေ့ရှိသဖြင့် မြို့နယ်ရဲစခန်းတွင် စစ်ဆေးလျှက်ရှိ
EPN

မိုးညှင်း၊ မေ ၁၉

မိုးညှင်း အကျဉ်းထောင်သို့ လုံခြုရေးအရ တာဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်း တစ်ဦး ထံမှ မူးယစ်ဆေးဝါးဟု ယူဆရသော အဖြူရောင်ကော်ဗူး(၂)ဗူးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ရဲဝန်ထမ်းအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ လွဲအပ်ပေးခဲ့ကြောင်းနှင့် မိုးညှင်းမြို့နယ် ရဲစခန်းတွင် ၎င်းအားစစ်ဆေးလျှက်ရှိကြောင်း မိုးညှင်းအကျဉ်းဦးစီးဌာန၊ ထောင်ပိုင် တာဝန်ခံ ဦးသိန်းဇော်မောင်ထံမှ သိရသည်။

“ဟုတ်ပါတယ် ဒါနဲ့ပတ်သက်ပြီး ရဲအရေးဖြစ်တဲ့အတွက် သက်ဆိုင်ရာ ရဲဌာနကို လွှဲပြောင်း ပေးအပ်လိုက်ပါပြီ။ ဟိုပင်နယ်မြေရဲစခန်းကနေ အလှည့်ကျတာဝန်ထမ်းဆောင်ဘို့ လာရောက်သူ ဖြစ်ပါတယ်။ရေချိုးခန်းထဲမှာ ကြာနေတဲ့အတွက် ထောင်ဝန်ထမ်းကို သွားရောက် ကြည့်ရူ့ခိုင်းတဲ့အခါ မှောက်လျှက်လဲကျနေပြီး သူလွယ်ထားတဲ့ အိတ်အတွင်းမှာ အဖြူရောင်ကော်ဗူးနှစ်ဗူးတွေ့ပါတယ်”ဟု ဦးသိန်းဇော်မောင်က ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဟိုပင်နယ်မြေရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ စခန်းမှူး ဗျက်ဆန်း ကတော့ “ဟုတ်ပါတယ်ဗျ၊ ဒီသတင်းက အမှန်ပါ၊ သူ့ကို မိုးညှင်း ရဲစခန်းမှာ စစ်မယ်လို့ သိရပါတယ်။ နာမည်က ဝင်းလွင်ဦးပါ ဒုတပ်ကြပ်တာဝန်နဲ့ မေလ(၁၈)ရက်နေ့ ညနေက တာဝန်နဲ့ လုံခြုံရေး ယူဘို့ သွားပါတယ်။ ကျနောသိရသလောက်က မူးယစ်ဆေးသုံးနေတာ မဟုတ်ဘဲ အရက်မူးပြီး မှောက်လဲနေတုံး သူ့ကိုရှာဖွေတဲ့အခါ သူ့လွယ်အိတ်ထဲက ကော်ဗူးအဖြူရောင် (၂)ဗူးတွေ့တဲ့ အတွက် မိုးညှင်းမြို့နယ်ရဲစခန်းမှာ စစ်ဆေးခံနေရတယ်လို့ သိရပါတယ်”ဟု ဟိုပင်နယ်မြေရဲစခန်းမှ စခန်းမှူး ဗျတ်ဆန်း က ယခုလိုဖြေကြားခဲ့သည်။

တာဝန်အရ လုံခြုံရေးဆောင်ရွက်နေစဉ် ဝန်ထမ်းကျင့်ဝတ်နှင့်မညီညွတ်သဖြင့် အဆိုပါရဲဝန်ထမ်းဖြစ်သူ ဒုတပ်ကြပ် ဝင်းလွင်ဦးအား မိုးညှင်းမြို့နယ်ရဲစခန်းတွင် စစ်ဆေးလျှက်ရှိကြောင်း မိုးညှင်းမြို့နယ်ရဲစခန်းမှ မြို့နယ်မှူး ဦးဇော်ဝင်းက ဖြေကြားခဲ့သည်။

မိုးမြင့်
 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။