Trending Now

ပမ္မတီးရပ်ကွက်ရှိ ခရမ်းကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝါယမ မဟာထေရ် သက်တော် (၆၇)နှစ်ပြည့် ဝိဇာတပူဇာ မင်္ဂလာနှင့် မုဒ်ဦးရေစက်ချပွဲ ကျင်းပ

Spread the love

ပမ္မတီးရပ်ကွက်ရှိ ခရမ်းကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝါယမ မဟာထေရ် သက်တော် (၆၇)နှစ်ပြည့် ဝိဇာတပူဇာ မင်္ဂလာနှင့် မုဒ်ဦးရေစက်ချပွဲ ကျင်းပ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၅ (၂၀၂၄)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ ခရမ်း‌ကျောင်းတိုက်တွင် ခရမ်းကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝါယမ မဟာထေရ် သက်တော် (၆၇)နှစ်ပြည့် ဝိဇာတပူဇာမင်္ဂလာနှင့် မုဒ်ဦးရေစက်ချပွဲကို ဇန်နဝါရီ ၁၄ ရက်၊ နံနက် ၉ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနား မစတင်ခင်အချိန်တွင် ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ၊ မွေးနေ့ရှင် ခရမ်းကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဝါယမနှင့် ပမ္မတီးရပ်ကွက် သာသနာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်တို့မှ ခရမ်းကျောင်းတိုက်၏ မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။

အခမ်းအနား စတင်ချိန်တွင် မွေးနေ့ရှင်ဆရာတော်ဘုရားအား မွေးနေ့ကိတ်ကို ဆက်သခဲ့ကြပြီး၊ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များမှ ဩကာသ ကန်တော့ချိုးဖြင့် ကန်တော့ကြကာ ဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားထံမှ ငါးပါးသီလကိုခံယူခဲ့ကြကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များကို နာယူခဲ့ကြကာ လှူဖွယ်ဝတ္ထုများကိုလည်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး ဝန်းသိုဆရာတော်ဘုရားထံမှ အနုမောဒနာတရားတော်ကို ဆက်လက်ခံယူ ဆောက်တည်ခဲ့ကြကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး၊ အခမ်းအနား ရုပ်သိမ်းချိန်တွင် ရွှေမိုးငွေမိုးများ ရွာသွန်းခဲ့ကြသည်။

အခမ်းအနားပြီးဆုံးချိန်တွင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ်ခဲ့ကြပြီး၊ ကြွရောက်လာကြသည့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဧည့်ပရိတ်သတ်များကို နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

သံလွင်

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။