Trending Now

” ၄၃၅ ၊ ၄၃၆ ၊ ၂၆၁ “

Spread the love

” ၄၃၅ ၊ ၄၃၆ ၊ ၂၆၁ ” 

EPN
ဆောင်းပါး၊ မတ် ၁၅

ခြေ ဥ ပြင် ဖို့ လွှတ် တော် မှာ အ ခြေ အ တင် ဖြစ် နေ ကြ တာ ကို တွေ့ ရ ပါ တယ် ။

ရှမ်း ပြည် မြောက် ပိုင်း ကွတ် ခိုင် မှာ စစ် တပ် နဲ့ KIA ၁၂ မတ် လ က တိုက် ပွဲ ဖြစ် ပြန် တယ် ။ ဒါ အ ပစ် အ ခတ် ရပ် စဲ ထား တဲ့ လေး လ မ ပြည့် ခင် ပြန် ဖြစ် တာ ။

မ ကြာ သေး ခင် က ပဲ တ ရုတ် က လက် နက် ကိုင် အ ဖွဲ့ အ ထူး သ ဖြင့် KIA ကို NCA မှာ လက် မှတ် ထိုး ဖို့ ခေါ် ပြော တဲ့ အ ချိန် မ ကြာ ခင် မှာ ပဲ ပြန် ဖြစ် တာ ။

ထူး ခြား တာ တစ် ခု က အဲ့ လို တ ရုတ် က မြစ် ဆုံ ကိ စ္စ ကို က ချင် သာ သ နာ ပြု အ ဖွဲ့ ကို ခေါ် ပြော ပြီး ရက် အ နည်း ငယ် မှာ ပဲ အ မေ ရိ ကန် သံ အ မတ် က ချင် ပြည် ကို သွား ခဲ့ တယ် ။

ဘယ် သူ တွေ နဲ့ တွေ့ ပြီး ဘာ တွေ ပြော ခဲ့ လည်း မ သိ ပေ မယ့် KIA ဟာ စ ပြီး ဖွဲ့ စည်း က တည်း က တ ရုတ် ထက် အ မေ ရိ ကန် ထောက် ခံ မှု ကို သာ ရ အောင် ဆောင် ရွက် နေ တဲ့ အ ဖွဲ့ ဖြစ် ပါ တယ် ။

တ ရုတ် က မြစ် ဆုံ ကို မ ဖြစ် မ နေ ပြန် လုပ် မှာ ပဲ ဆို တဲ့ သ ဘော နဲ့ KIA ကို ဖိ အား ပေး သ လို ခေါ် ပြော ခဲ့ တာ KIA အ နေ နဲ့ မ ကျေ နပ် ဘူး လို့ ယူ ဆ လို့ ရ တယ် ။

တ ရုတ် ဟာ ” ဝ ” အ ပေါ် မှာ ၁၀၀% လွှမ်း မိုး မှု ရ ကောင်း ရ နိုင် ပေ မယ့် ကွန် မြူ နစ် လက် မ ခံ တဲ့ KIA အ ပေါ် တစ် ဖက် သတ် အ မိန့် ပေး ဖို့ ခက် ခဲ ပါ လိမ့် မယ် ။

ရ ခိုင် ဖက် မှာ လည်း AA သောင်း ကြမ်း သူ အ ဖွဲ့ က လုပ် နေ ကျ အ တိုင်း ရဲ စ ခန်း ကို ဝင် စီး ပြ ပြီး ပ လက် ဝ ဖက် မှာ တပ် ရင်း တွေ ကို အ ငိုက် ဝင် တိုက် ခဲ့ တယ် ။ ရဲ စ ခန်း တာ ဝန် ကျ ရဲ ၉ ယောက် အ သက် ဆုံး ရှုံး ရ ပြီး အဲ့ ဒီ အ ထဲ က ၈ ယောက် က ရ ခိုင် လူ မျိုး တွေ လို့ ပြော တယ် ။

ရ ခိုင် တွေ က ရ ခိုင် တွေ ကို ပြန် သတ် တာ ရ ခိုင် တွေ ပျော် နေ ကြ တယ် ။ ဘယ် လို ပြော ရ မ လဲ စ ကား လုံ မ ရှာ တတ် တော့ ပါ ဘူး ။

လွှတ် တော် ထဲ မှာ ပုဒ် မ ၂၆၁ ကို ပြင် ဖို့ တင် ပြ ထား တာ ကို လွှတ် တော် က လုပ် ထုံး လုပ် နည်း နဲ့ အ ညီ ၃၀ ဦး ကော် မ တီ က စိ စစ် ရ မယ့် ကိ စ္စ မှာ အ ခု အ သစ် ဖွဲ့ လိုက် တဲ့ ၄၅ ဦး ကော် မ တီ ကို တင် လို့ စစ် သား ကိုယ် စား လှယ် က ဘေး ထွက် ဆိုး ကျိုး တွေ ဖြစ် လာ ရင် လွှတ် တော် က တာ ဝန် ယူ ရ မယ် လို့ သ တိ ပေး စ ကား ပြော လာ တယ် ။

တပ် မ တော် သား ကိုယ် စား လှယ် ဗိုလ် မှူး ချုပ် ကျော် ကျော် စိုး က ” ၄၅ ဦး ကော် မ တီ ၏ အ ခြေ ခံ ဥ ပ ဒေ ပြင် ဆင် မှု သည် NCA နှင့် ပြည် ထောင် စု ငြိမ်း ချမ်း ရေး လုပ် ငန်း စဉ် ၊ ပြည် ထောင် စု သ ဘော တူ စာ ချုပ် များ မှ ပေါ် ထွက် လာ မည့် ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ဆိုင် ရာ အ ချက် အ လက် များ နှင့် တစ် ခြား စီ ဆို ပါ က ဘယ် လို လုပ် မ လဲ ဟု မေး ခွန်း ထုတ် လို ကြောင်း ” လို့ လည်း ပြော ခဲ့ တယ် ။

သူ ပြော လို တာ က အ ခု အ သစ် ဖွဲ့ လိုက် တဲ့ ခြေ ဥ ပြင် ဖို့ ၄၅ ဦး ကော် မ တီ က သ ဘော တူ တာ နဲ့ ၂၁ ပင် လုံ လို ၊ NCA လို က နေ သ ဘော တူ တာ တွေ မ တူ ရင် ဘယ် လို လုပ် မ လဲ လို့ မေး တာ ပါ ။ ဆက် ပြီး ပြော ပါ သေး တယ် ။

၂၀ ပင် လုံ တုန်း က ရန် ကုန် အ စိုး ရ လို့ ဖြစ် ခဲ့ တယ် ။ ၂၁ ပင် လုံ က နေ ပြည် တော် အ စိုး ရ ဖြစ် သွား မ လား စိုး ရိမ် တယ် လို လည်း ဆက် ပြော ခဲ့ တယ် ။

တစ် ဖက် က သူ တို့ ကျွမ်း ကျင် တဲ့ ဘာ သာ ရပ် ကို အ ခြေ ခံ ပြီး ဆွေး နွေး တဲ့ အ ချက် ကို လျှစ် လျှူ ရှု့ ဖို့ တော့ မ သင့် ဘူး ။ ထည့် သွင်း စဉ်း စား ရ ပါ လိမ့် မယ် ။ လက် ရှိ ဘယ် သူ က လုပ် နေ တယ် ပဲ ပြော ပြော မြန် မာ ပြည် လက် နက် ကိုင် တွေ အ ရေး က မ အေး သေး ပါ ဘူး ။

ဝန် ကြီး ချုပ် တွေ ကို သက် ဆိုင် ရာ ပြည် နယ် လွှတ် တော် တွေ က နေ ရွေး ကောက် ဖို့ အ တွက် ပုဒ် မ ၂၆၁ ကို ပြင် ဖို့ ကြံ့ ခိုင် ရေး အ မတ် တွေ တင် ပြ ထား တယ် ။ ဒါ ကို ပုံ မှန် ခြေ ဥ ပုဒ် မ ၄၃၅ အ ရ လွှတ် တော် မှာ ဆွေး နွေး မဲ ခွဲ ဖို့ လက် ရှိ အ စိုး ရ အ သာ စီး ရ လွှတ် တော် က စိတ် မ ပါ ဘူး ဖြစ် နေ တယ် ။

အဲ့ ဒီ ပုဒ် မ ကို အ ခု အ သစ် ဖွဲ့ လိုက် တဲ့ ၄၅ ဦး ကော် မ တီ ကို တင် ပြီး ပဲ လုပ် မယ် လို့ သ ဘော ထား ရှိ တယ် ။

နောက် တစ် ခု က အဲ့ လို သက် ဆိုင် ရာ လွှတ် တော် က ရွေး ကောက် မယ် ဆို ရင် တပ် မ တော် သား ၂၅% ၃၃% အ စ ရှိ တဲ့ မဲ တွေ ကြောင့် တပ် က သ ဘော ကျ တင် မြှောက် တဲ့ လူ သာ ဝန် ကြီး ချုပ် ဖြစ် စေ မှာ အ များ ဆုံး ဖြစ် နိုင် ခြေ ရှိ နေ တော့ လက် ရှိ အ စိုး ရ က ၂၀၂၀ ရွေး ကောက် ပွဲ ပြီး တဲ့ အ ထိ အဲ့ ဒီ ပုဒ် မ ကို ပြင် ဖို့ ဆ န္ဒ မ ရှိ သ လို ဖြစ် နေ တာ မြင် ရ တယ် ။

လက် ရှိ ပြ ဿ နာ တစ် ချို့ အ တွက် လည်း ဝန် ကြီး ချုပ် တွေ ကို သက် ဆိုင် ရာ ဒေ သ တွေ က စိတ် ကြိုက် တင် မြှောက် ရင် ဖက် ဒ ရယ် အ တွက် ကော အုပ် ချုပ် ရေး အ တွက် ကော အ တန် အ သင့် အ ဆင် ပြေ မယ် လို့ ယူ ဆ လို့ ရ နေ တယ် ။

ပုဒ် မ ၄၃၆ အ ရ ၇၅% အ ထက် ထောက် ခံ ပါ မှ ဆို တဲ့ ပြ ဿ နာ ကြောင့် သူ ကြိုက် တာ ပြင် တာ ထောက် ခံ ပြီး ငါ ကြိုက် တာ ပြင် မှာ ကျ တော့ မ ထောက် ခံ ရင် ဘယ် လို လုပ် မ လဲ ဆို တဲ့ ပြ ဿ နာ က လည်း ရှိ ပါ သေး တယ် ။

ဘယ် နိုင် ငံ ရေး ကိ စ္စ မ ဆို ညှိ နှိုင်း ကြ ရ တာ ပဲ ။

အ ရင် ဦး နေ ဝင်း လက် ထက် က ရန် ကုန် မ န္တ လေး အ မြန် လမ်း မ ကြီး ကို အ မေ ရိ ကန် က အ လ ကား လာ ခင်း ပေး မယ် လို့ ကမ်း လှမ်း တော့ ရု ှရှား က အ လယ် မှာ သစ် ပင် အ လ ကား လာ စိုက် ပေး မယ် ဆို တာ နဲ့ ပွဲ ပျက် ခဲ့ ရ တယ် ဆို တဲ့ ကော လ ဟာ လ လို ပုံ ပြင် တစ် ခု ခေတ် စား ခဲ့ ဖူး တယ် ။

အ ခု လွှတ် တော် မှာ ၂၆၁ ကို ၄၃၅ အ ရ ပြင် ဆင် ချင် တယ် ဆို ရင် အဲ့ ဒီ ပြင် ဆင် ထား တဲ့ ပုဒ် မ ထဲ မှာ ၂၅% ၃၃% မဲ မ ပေး ရ ဆို တဲ့ သ ဘော ဖြစ် စေ မယ့် စာ သား ပါ အောင် ထည့် ရေး ပေါ့ ။ ဒါ မှ မ ဟုတ် အ ခု ကြိုး စား နေ ကြ တဲ့ % လျှော့ ချ ဖို့ ကိ စ္စ ရ အောင် အ ပေး အ ယူ လုပ် ပေါ့ ။

သူ လို ချင် တာ လည်း ကိုယ် ပေး မယ် ကိုယ် လို ချင် တာ လည်း တောင်း မယ် ဆို သ ဘာ ဝ ကျ ပါ တယ် ။ လက် ခံ မယ် လည်း ထင် ပါ တယ် ။

ဥ ပ ဒေ ပ တော့ ဘယ် သူ မှ မ လုပ် တာ အ ကောင်း ဆုံး ပဲ ။

တိုင်း ပြည် အ တွက် အ ရေး ကြီး တဲ့ အ ချိန် မှာ မြန် မာ စာ ပုံ နှိပ် စာ လုံး မှာ တစ် ချောင်း ငင် ကို အ တို နဲ့ အ ရှည် စ နစ် ကျ ဖို့ အ စိုး ရ က ဆောင် ရွက် ပေး ဖို့ အ ဆို တင် တဲ့ အ မတ် လည်း တွေ့ ရ တယ် ။

တစ် လက် စ တည်း အ မတ် တွေ အ ရည် အ ချင်း ပါ ကန့် သတ် မယ့် ဥ ပ ဒေ ပါ ရ အောင် ဆွေး နွေး ကြ ပါ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
———————————————-

” ၄၃၅ ၊ ၄၃၆ ၊ ၂၆၁ ”

EPN





























Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။