Trending Now

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်

Spread the love

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်

EPN
မြစ်ကြီးနား၊ ဩဂုတ် ၃

ကချင်ပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ ကြီးမှူးကာ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ပြည်နယ်ဖူဆယ် အားကစားရုံတွင် ဩဂုတ်လ (၁၈)ရက်နေ့မှ စတင်ကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ဖူဆယ်အားကစား ဖွင့်ဖြိုးတိုးတက်လာစေရန်နှင့် ပြည်နယ်အတွင်းရှိ ဖူဆယ်ဘောလုံး အားကစားသမားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ကာ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ဖူဆယ်ပွဲစဉ်တစ်ခုဖြစ်တဲ့ ဝန်ကြီးချုပ်ဖလားပွဲကို (၁၈) ရက်နေ့ကစပြီး ကျင်းပသွားမှာဖြစ်တယ်။ ကျွန်ေတာ်တို့ ဖူဆယ်အားကစားသမားတွေက အခုလို နိုင်ငံတကာအဆင့်မီ ပါကေးကြမ်းပြင်နဲ့ ကစားရတဲ့ အတွေ့အကြုံက နည်းတယ်။ ဒါကြောင့် အခုလို ပါကေးကြမ်းပြင်မှာ ဖူဆယ်ပွဲတွေကို အစဉ်မပျက် ပြုလုပ်ပေးရခြင်း ဖြစ်တယ်။ အခုပွဲက အလွတ်တန်းပွဲဆိုတော့ နိုင်ငံကိုယ်စားပြု၊ ပြည်နယ်ကိုယ်စားပြု အားကစားသမားတွေလဲ ပါဝင်ခွင့် ပေးထားပါတယ် ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဖူဆယ်အသင်းများကို စာရင်းကောက်ယူနေပြီဖြစ်ပြီး၊ ဩဂုတ်လ (၁၅) ရက်နေ့အထိ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆု ကျပ် (၁၅) သိန်းနှင့် တံခွန်စိုက်ဖလား ၊ ဒုတိယဆု ကျပ် (၁၀) သိန်းနှင့် နေရာအလိုက် အကောင်ဆုံးဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။