Trending Now

ပူတာအိုမြို့နယ် ဆန်ဂေါင်ကျေးရွာ ပါတိတ်ချောင်း၌ ငါးသားပေါက် ငါးမျိုးများစိုက်ထည့်ပေး

Spread the love

ပူတာအိုမြို့နယ် ဆန်ဂေါင်ကျေးရွာ ပါတိတ်ချောင်း၌ ငါးသားပေါက် ငါးမျိုးများစိုက်ထည့်ပေး

EPN
ပူတာအို၊ ဇွန် ၁၈

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု၊ ဆန်ဂေါင် ကျေးရွာတွင် ငါးမျိုးများပွားများလာစေ ရန်နှင့် ဒေသခံပြည်သူများ ငါးစားသုံးမှု ပိုမိုမြှင့်မားလာစေရန်ရည်ရွယ်၍ ငါးသားပေါက် ငါးမျိုးများစိုက်ထည့်ခြင်း ကို ဇွန်(၁၇)ရက် နံနက်(၉)နာရီက ဆန်ဂေါင်ကျေးရွာ ပါတိတ်ချောင်း၌ စိုက်ထည့်ခဲ့ကြောင်းသိရသည်။

အဆိုပါ ငါးသားပေါက် ငါးမျိုးများကို ဆန်ဂေါင်ကျေးရွာ ငါးသားဖောက် စခန်းတွင် ငါးသားဖောက်ကာ ငါးခုံးမကြီးကောင်ရေ နှစ်သောင်းတို့ကို ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြသိန်းနှင့် ဝန်ထမ်းများ၊ ကျေး ရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများပူးပေါင်း၍ အဆိုပါချောင်းတွင် စိုက်ထည့်ပေးခဲ့ခြင်းဖြစ် သည်။

ယခင်နှစ်များတွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ငါးသားပေါက် ငါးမျိုးများ စိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက် ခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့် ကာလဖြစ်ခြင်းကြောင့် ကိုဗစ်-၁၉ ကာလ ကန့်သတ်ချက်များနှင့်အညီ ငါးမျိုးများကို စိုက်ထည့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။