Trending Now

မြစ်ကြီးနားမြို့ ကြာရာပတ္တီးရပ်ကွက်တွင် အမျိုးသားတစ်ဦး မူးယစ်ဆေးအလွန်အကျွံသုံးစွဲမှုကြောင့်သေဆုံး

Spread the love

မြစ်ကြီးနားမြို့ ကြာရာပတ္တီးရပ်ကွက်တွင် အမျိုးသားတစ်ဦး မူးယစ်ဆေးအလွန်အကျွံသုံးစွဲမှုကြောင့်သေဆုံး

EPN
မြစ်ကြီးနား၊အောက်တိုဘာ ၁၅

မြစ်ကြီးနားမြို့ ကြာရာပတ္တီးရပ်ကွက် မိန်းလမ်းမဘေးရှိ လမ်းကြားတစ်ခုအတွင်း အမျိုးသားတစ်ဦး မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးခဲ့ရသည့်ဖြစ်စဉ်တစ်ခု ယမန်နေ့ ညနေ ၄ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနား လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

အဆိုပါသေဆုံးသူမှာ ဒူကထောင်ရပ်ကွက်နေသူအသက်(၂၆)နှစ် အရွယ် ဆိုင်းမြတ် ဆိုသူဖြစ်ပြီး ကြာရာပတ္တီးရပ်ကွက် မိန်းလမ်းမဘေးရှိလူခြေပျက်သည့်လမ်းကြားတွင် မူးယစ်ဆေး အလွန်အကျွံ သုံးစွဲခဲ့သည့်အတွက် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း မြစ်ကြီးနားလူမူကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“သူက ဒူကထောင်ရပ်ကွက်မှာနေတဲ့သူလို့သိရတယ်၊ဒီကြာရာပတ္တီးဘက်လာပြီး လမ်းမကြီးဘေး လူတွေပြတ်တဲ့လမ်းကြားမှာ မူးယစ်ဆေးဝါးသုံးစွဲတာများသွားလို့ သေဆုံးသွားတာ၊ ရောက်ရောက်ချင်းတော့ဘယ်ကမှန်းမသိဘူး၊ သတင်းတင်လိုက်မှ သူ့မိသားစုတွေက ရောက်လာကြတယ်၊ ကျွန်မတို့လည်းပြည်သူ့ဆေးရုံကြီးကိုပို့ပေးထားတယ်”ဟု ၎င်းကဆိုသည်။

မြစ်ကြီးနားမြို့တွင် မူးယစ်ဆေးသုံးစွဲမှုကြောင့် မကြာခဏ သေဆုံးမှုရှိသလို ပြီးခဲ့သည့်စက်တင်ဘာ ၁၆ ရက်နေ့တွင်လည်း ခေမာသီရိရပ်ကွက်ရှိ ခေမာသီဝံဘုန်းကြီးကျောင်းဘေးလမ်းကြားတွင် မူးယစ်ဆေးသုံးစွဲမှုကြောင့်အမျိုးသားတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။