Trending Now

မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ် ကျောင်းတွင်းခရစ္စမတ်ပွဲသို့ သစ်တောနှင့် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်တက်ရောက်

Spread the love

မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ် ကျောင်းတွင်းခရစ္စမတ်ပွဲသို့ သစ်တောနှင့် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်တက်ရောက်

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နည်းပညာ တက္ကသိုလ်ကျောင်းတွင် ယနေ့ ဒီဇင်ဘာလ (၂၁)ရက်နေ့ နံနက် (၁၀)နာရီခန့်က ကျောင်းတွင်း ခရစ္စမတ်ပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ သစ်တောနှင့် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်မှ တက်ရောက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားကို ကချင်ပြည်နယ် အစိုးရအဖွဲ့မှ သစ်တောနှင့် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ကျောင်းမှ တာဝန်ခံတစ်ဦးမှ ယနေ့အခမ်းအနား ကျင်းပပြုလုပ်ရခြင်း အကြောင်းနှင့်ပက်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သဘာပတိအဖြစ် မောင်ခန်ရမ်မှ တာဝန်ယူကာ ဝတ်ပြုဆုတောင်းခြင်းများဆောင်ရွက်ခဲ့ပြီး ခရစ္စမတ်အထိမ်းအမှတ် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကာ ယင်းပွဲဖြစ်မြောက်ရေးအတွက် ကူညီထောက်ပံ့ပေးခဲ့သည့် ဦးဇခုန်ယိန်းဆောင်( ဆန်းလင်းကုမ္ပဏီ) အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်းသိရသည်။

ယင်း ကျောင်းတွင်း ခရစ္စမတ်ပွဲသို့ သစ်တောနှင့် သယံဇာတရေးရာ ဝန်ကြီးဦးတိန့်ဆောင်နှင့် တာဝန်ရှိသူများ၊ မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ကျောင်းမှ တာဝန်ရှိသူများ၊ ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ပန်ပန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။