Trending Now

မြစ်ရေ၀င်ရောက်မှုကြောင့် ဧရာ၀တီတိုင်းတွင် စာသင်ကျောင်း ၁၅ ကျောင်း ယာယီပိတ်ထားရ

Spread the love

မြစ်ရေ၀င်ရောက်မှုကြောင့် ဧရာ၀တီတိုင်းတွင် စာသင်ကျောင်း ၁၅ ကျောင်း ယာယီပိတ်ထားရ

EPN
ဧရာဝတီ၊ စက်တင်ဘာ ၁၅ (၂၀၂၃)

ဧရာ၀တီတိုင်းတွင် မြစ်ရေမြင့်တက်မှုကြောင့် စာသင် ကျောင်းများအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာကျောင်း ၁၅ ကျောင်းပိတ်ထားရကြောင်း တိုင်းဒေသကြီး ပညာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

ဧရာဝတီတိုင်းတွင် မြစ်ရေမြင့်တက်မှုကြောင့် ကျောင်းများအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားလာသဖြင့်စာသင်ကြားရေး လုပ်ငန်းများ လုပ်ဆောင်ရန် အဆင်မပြေ ဖြစ်သည့် အတွက် စက်တင်ဘာ ၁၅ ရက်အထိ အခြေခံပညာ မူလတန်းကျောင်း ၁၀ ကျောင်းနှင့် အထက်တန်းကျောင်းနှင့်
အလယ်တန်းကျောင်းခွဲ ၅ ကျောင်းစုစုပေါင်း အခြေခံပညာ ကျောင်း ၁၅ ကျောင်း ပိတ်ထားရကြောင်း ပညာရေး အသိုင်းအဝိုင်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

”အားလုံး ကျောင်း ၁၅ ကျောင်း ပိတ်ထားတာ၊ ယာယီ ၇ ရက် ပိတ်ဖို့ သတ်မှတ်ပေးထားတယ်။ ရေပြန်ကျရင်တော့ ပြန်ဖွင့်မှာ မကျရင်တော့ ဆက်ပိတ် ရမှာပေါ့။ ကျောင်းပိတ် ရက်တွေကို အစားထိုးပြန်လည် သင်ကြားပေးသွားဖို့ ညွန်ကြားထားတယ်။” ဟု ၎င်း က ဆက်ပြောသည်။

အဆိုပါ ပိတ်ထားရသည့် အခြေခံပညာ ကျောင်း ၁၅ ကျောင်းသည် ဓနုဖြူမြို့နယ်မှ ၄ ကျောင်း၊ မြန်အောင် မြို့နယ်မှ ၁၁ ကျောင်း ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မိုးရာသီက လည်း မြစ်ရေမြင့်တက်မှုကြောင့် စာသင်ကျောင်း ၃၀ ထက် မနည်း ယာယီပိတ်ခဲ့ရသေးကြောင်း သိရသည်။

အလင်း
Photo – CJ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။