Trending Now

မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက် နေသူ လင်မယားချင်း ရန်ဖြစ်စကားများရာမှ အမျိုးသားဖြစ်သူ ဓါးဒဏ်ရာသုံးချက္ဖြင့် သေဆုံး

Spread the love

မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက် နေသူ လင်မယားချင်း ရန်ဖြစ်စကားများရာမှ အမျိုးသားဖြစ်သူ ဓါးဒဏ်ရာသုံးချက္ဖြင့် သေဆုံး

EPN
မြစ်ကြီးနား၊ ဩဂုတ် ၂၂

မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၊ နယ်မြေ (၂) နေသူ လင်မယားနှစ်ဦး ယမန်နေ့ ည ၈ နာရီခွဲ အချိန်ခန့်တွင် စကားများ ရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူ ဓါးဒဏ်ရာသုံးချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

လယ်ကုန်းရပ်ကွက်နေသူ နိုင်မိုးသည်အလုပ်မှပြန်လာရာ နေအိမ်အတွင်းသို့ ဆိုင်ကယ်ဖြင့် မောင်းဝင်လာသည်ကို မိန်းမဖြစ်သူက ဆိုင်ကယ်မောင်းဝင်လာခြင်းကို တားမြစ်ပြောဆိုရာမှ လင်းမယားချင်း စကားများရန်ဖြစ်၍ လင်ဖြစ်သူ သေဆုံးရခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

” မနေ့ည ၈နာရီခွဲလောက္မှာ နိုင်မိုးက အလုပ်ကပြန်လာတာ။ အရက်နည်းနည်းသောက်ထားတယ်။ ဆိုင်ကယ်နဲ့ အိမ်ထဲအထိ ဝင်ခဲ့တာ။ အဲ့တာကို သူ့မိန်းမက ဘာလို့အဲ့လိုလုပ်တာလည်း အိမ်ရှင်တွေမကြိုက်ဘူး စကားများရမယ်လို့ တားမြစ်လိုက်တာကို နိုင်မိုးက အိမ်ရှင်နဲ့ သူ့မိန်းမကို ပေးစားတယ်။ ဆဲဆိုတယ်။ သူ့မိန်းမက ပြန်ဆဲရင်းနဲ့ လင်မယားချင်း ရန်ဖြစ်စကားများတယ်။ နိုင်မိုးက သူ့အိတ်ထဲက ကြက်သွန်လှီးဓါးနဲ့ မိန်းမကိုယ် ထိုးဖို့လုပ်တယ်။ ပြီးတော့ သူ့မိန်းမ ဆံပင်ကို ဆွဲထားလို့ သူ့မိန်းမက နိုင်မိုးကို စောင့်တွန်းလိုက်ရာကနေ နိုင်မိုးလဲကျပြီး သူ့ဓါးနဲ့သူ ထိုးမိလို့ သေတာ ” ဟု ယင်းကရှင်းပြသည်။

အဆိုပါ သေဆုံးသူ အမျိုးသားသည် ၎င်း၏ ရင်ညွှန့်နှင့် ဝမ်းဗိုက်တို့တွင် ဓါးဒဏ်ရာသုံးချက်ဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ္နှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိ နယ်မြေရဲတပ်ဖွဲ့ဝင်များ ရောက်လာကြပြီး သေဆုံးသူ နိုင်မိုး၏ မိန်းမဖြစ်သူအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သေဆုံးသူ အမျိုးသားအား လူမှုကူညီရေးအသင်းမှ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ညတွင်းချင်း ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။