Trending Now

ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်

Spread the love

ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၂ (၂၀၂၃)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ (၁၁)ရက်နေ့ မှ စတင်ကာ ကျင်းပခဲ့ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်စေရန်၊ ဝန်ထမ်းများအချင်းချင်း ရင်းနီးချစ်ချင်စေရန်၊ ဝန်ထမ်းများအတွက် ပျော်ပွဲရွှင်ပွဲ တစ်ခုအနေဖြင့် ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

“ကျနော်တို့ ပြည်နယ်အတွင်းမှာရှိ ဝန်ထမ်းတွေအတွက် ကိုယ်လက် လှုပ်ရှား အားကစားအနေဖြင့် ကျန်းမာကြံ့ခိုင်စေဖို့၊ ဝန်ထမ်းများကို တစ်ဦးနဲ့ တစ်ဦး ရင်းနှီးလာစေဖို့ အတွက် ရည်ရွယ်ပြီး ပျော်ပွဲရွှင်ပွဲ တစ်ခုအနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲသည် ကိုဗစ် အလွန်ကာလအတွင်း ဒုတိယအကြိမ်မြောက် ကျင်းပပေးခြင်းဖြစ်ကာ ယမန်နှစ် (၂၀၂၂) ခုနှစ် ကလည်း ကျင်းပ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ပြည်နယ်အစိုးရအဖွဲ့မှ (၁)သင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၁)သင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ (၁)သင်း၊စီးပွားရေးရာဝန်ကြီးဌာနမှ (၁)သင်း၊သယံဇာတရေးရာဝန်ကြီးဌာနမှ (၂)သင်း၊ လူမှုရေးရာဝန်ကြီးဌာနမှ (၁)သင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ (၁)သင်း၊ တရားဥပဒေမှ (၁)သင်း စုစုပေါင်း အသင်း (၉) သင်းဖြင့် အုပ်စုပတ်လည် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ (၁၁)ရက်နေ့မှ (၃၁) ရက်နေ့အထိ ကစားသွားမည်ဖြစ်ကာ ပထမဆု (၁၅)သိန်း၊ ဒုတိယဆု (၁၀)သိန်း၊ တတိယဆု(၅) သိန်းနှင့် အခြားဆုများလည်း ချီးမြှင့်သွားမည်ဟု သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။