Trending Now

မိုးမောက်မြို့နယ်အတွင်း ပြည်တော်ပြန်ကြိုဆိုရေးအဖွဲ့မှ ကျန်းမာရေး ဝန်ထမ်းတစ်ဦးတွင် COVID 19 ရောဂါပိုး တွေ့ရှိ

Spread the love

မိုးမောက်မြို့နယ်အတွင်း ပြည်တော်ပြန်ကြိုဆိုရေးအဖွဲ့မှ ကျန်းမာရေး ဝန်ထမ်းတစ်ဦးတွင် COVID 19 ရောဂါပိုး တွေ့ရှိ 



EPN
ဗန်းမော်၊ ဇွန် ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ ပြည်တော်ပြန် ကြိုဆိုရေး အဖွဲ့မှ ကျန်းမာရေး ဝန်ထမ်း တစ်ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ယနေ့၊ ဇွန် ၁၁ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က အတည်ပြု ထုတ်ပြန်လိုက်သည်။

အဆိုပါ COVID-19 လူနာအမှတ် ၂၄၉ သည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့၊ ဝိန်းခမ်းကျေးရွာတွင် သားဖွားဆရာမ အဖြစ်တာဝန်ထမ်းဆောင်နေသူ ၂၄ နှစ်အရွယ် ကျန်းမာရေးဝန်ထမ်းတစ်ဦး ဖြစ်ပြီး လွယ်ဂျယ် ဂိတ်ဝင်/ထွက် ပေါက်ဂိတ်တွင် ဌာနဆိုင်ရာများနှင့်အတူ ပြည်တော်ပြန်များကို ကြိုဆိုသူ ဝန်ထမ်းတစ်ဦး ဖြစ်ကြောင်း သိရသည်။

“လွယ်ဂျယ်ဂိတ်မှာ တာဝန်ထမ်းဆောင်နေရင်း ဖြစ်ခဲ့တာပါ၊ ကျန်းမာရေး ဝန်ထမ်းတွေကို ကိုဗစ် ၁၉ ရောဂါပိုး ရှိ၊ မရှိပုံမှန် စစ်ဆေးကြပါတယ်” ဟု တာဝန်ရှိသူ တစ်ဦး က ပြောသည်။

တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်ဂိတ် ပြည်တော်ပြန်ကြိုဆိုရေးအဖွဲ့များဖြစ်သည့် လွယ်ဂျယ် ကျန်းမာရေး ဌာနက ၂၃ ဦး၊ ထွေအုပ်က ၃ ဦး၊ လဝက ၃ ဦးစသည့် လူ ၄၀ ဦး ၏ SWAB များကို ဇွန် ၇ရက်က သက်ဆိုင်ရာ ကျန်းမာရေး ဌာနသို့ ပို့ဆောင်ခဲ့ရာ ယနေ့ ဇွန် ၁၁ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တစ်ဦးတွင် COVID -19 ပိုးတွေ့ရှိကြောင်း အတည်ပြုထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လူနာ အမှတ် ၂၄၉ အား ယနေ့၊ ဇွန် ၁၁ ရက်နေ့၊ နံနက် ၉ နာရီ တွင် လွယ်ဂျယ်မေတ္တာမွန် လူမှုကူညီရေး ကား ဖြင့် ပို့ဆောင်ခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် ဗန်းမော်မြို့ အထွေထွေရောဂါကုဆေးရုံ ကြီးသို ရောက်ရှိကာ တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှု ဖြင့် ကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။

ဗန်းမော်အထွေထွေရောဂါကု ဆေးရုံကြီးသို့ အဆိုပါ လူနာအမှတ် ၂၄၉ ရောက်ရှိချိန်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင် တို့ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။