Trending Now

ဟိုပင်မြိုနယ် တကွင်းကျေးရွာ နှုန်းချိုသွားလှည်းလမ်း ဘေးတွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်များနှင့် သေဆုံး

Spread the love

ဟိုပင်မြိုနယ် တကွင်းကျေးရွာ နှုန်းချိုသွားလှည်းလမ်း ဘေးတွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်များနှင့် သေဆုံး

EPN
ဟိုပင်၊ ဇွန် ၂၂

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ် တကွင်းကျေးရွာ နှုန်းချိုသွားလှည်းလမ်းဘေးတွင် အမျိုးသာတစ်ဦး သေနတ်ဒဏ်ရာများနှင့် သေဆုံးနေကြောင်း ဟိုပင်ဒေသခံများ ပြောကြားချက်အရသိရသည်။

ရွာသစ်ကြီးအလယ်ရပ်နေသူ ကိုမျိုးခိုင်အား ယမန်နေ့ နေ့လည် ၃နာရီအချိန်ခန့်က အမည်မသိလက်နက်ကိုင် အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ည၈နာရီအချိန်ခန့်တွင် သေနတ်သံများကြားရပြီး သေဆုံးသူတွင် သေနတ်ဒဏ်ရာသုံးချက်ဖြင့်နှုန်းချိုလှည်းလမ်း‌ဘေးတွင် သေဆုံးနေကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“မနေ့ နေ့လယ်က ဘယ်အဖွဲ့အစည်းကလည်းမသိဘူး ကိုမျိုးခိုင်ကို လာခေါ်သွားကြတယ် ယူနီဖောင်းတွေ၊ သေနတ်တွေနဲ့ လူ ၁၅ ယောက်လောက်ရှိတယ် ည ၈နာရီထိုးခါနီး သေနတ်သံတွေ ပြန်ကြားရတယ် မနက်လင်းတော့မှ ကိုမျိုးခိုင်ကို မျက်လုံး နားထင် တွေမှာ သေနတ်ဒဏ်ရာ သုံးချက်နဲ့ နှုန်းချိုသွားလှည်းလမ်းနဘေးမှာ သေတယ်လို့ ကြားသိရတယ်”ဟု ၎င်းကပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ နယ်မြေခံ ရဲတပ်ဖွဲ့များမှသွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ‌သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ ကိုမျိုးခိုင်အား ဟိုပင်မြို့မေတ္တာရှင်လူမှုကူညီရေးအဖွဲ့မှ နံနက်၈နာရီအချိန်တွင် ဟိုပင်မြို့ တိုက်နယ်ဆေရုံသို့ ပို့ဆောင်ခဲ့ပြီး သက်ဆိုင်များမှ အမှုရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။