Trending Now

တရားမဝင် အစိုးရဟု ခေါ်ဆိုမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ပြီး လက်ရှိ အစိုးရအနေဖြင့် ဖွဲ့စည်းပုံအရ အခွင့်အာဏာများ အပြည့်အဝ ကျင့်သုံးပိုင်ခွင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

Spread the love

တရားမဝင် အစိုးရဟု ခေါ်ဆိုမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ပြီး လက်ရှိ အစိုးရအနေဖြင့် ဖွဲ့စည်းပုံအရ အခွင့်အာဏာများ အပြည့်အဝ ကျင့်သုံးပိုင်ခွင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

EPN
မြစ်ကြီးနား ၊ ဇွန် ၇

မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ဖြစ်သည့်အတွက် လက်ရှိအစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံ ဥပဒေအရ အပ်နှင်းထားသည့် အခွင့်အာဏာများကို အပြည့်အဝ ကျင့်သုံးပိုင်ခွင့်ရှိပြီး သံရုံးအချို့မှ တရားမဝင် အစိုးရဟု သုံးနှုန်းခြင်းအပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း နိုင်ငံခြား ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် အပါအဝင် လုပုဂ္ဂိုလ် ၄ ဦးအား သေဒဏ်ချမှတ်မှု အတည်ပြုခဲ့ခြင်းအား သံတမန်အသိုင်းအဝိုင်းမှ ဝေဖန်ပြစ်တင်နေမှုအပေါ် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံသားတိုင်းသည် တရားဥပဒေနှင့်အညီ တန်းတူအ ခွင့်အရေးနှင့် အခြေခံလူ့အခွင့်အရေးဆိုင်ရာ အကာ အကွယ်ပေးမှုများ ရရှိနိုင်မည် ဖြစ်သကဲ့သို့ တရားဥပဒေအရ စီရင်ဆုံးဖြတ်မှုကိုလည်း လက်ခံကြရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့အား သေဒဏ်ချမှတ်ခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ) နှင့် ၅၀(ည) တို့အရ ပြစ်မှု ထင်ရှား ကြောင်း တွေ့ရှိရသဖြင့် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် ဆုံးဖြတ်ချက်သည် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသူများအား လုံးကို ပြန်လွှတ်ပေးရန် မိမိတို့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ်၏ ပြောကြာချက်ကို အမေရိကန်သံရုံးမှ ဇွန်လ ၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။