Trending Now

မိန္းကေလးတစ္ဦး၀တ္ဆင္ထားသည့္ စကတ္ေဘာင္းဘီတိုအတြင္းမွ သို၀ွက္ထားေသာ WY စိတ္ၾကြေဆးျပားမ်ား ေတြ႕ရွိ ဖမ္းဆီးရမိ

Spread the love

မိန္းကေလးတစ္ဦး၀တ္ဆင္ထားသည့္ စကတ္ေဘာင္းဘီတိုအတြင္းမွ သို၀ွက္ထားေသာ WY စိတ္ၾကြေဆးျပားမ်ား ေတြ႕ရွိ ဖမ္းဆီးရမိ
EPN
မံစီ၊ ေမလ ၂

ကခ်င္ျပည္နယ္၊ မံစီၿမိဳ႕နယ္၊ ေကာင္လြင္ေက်းရြာတြင္ မိန္းကေလးတစ္ဦး ဝတ္ဆင္ထားသည့္ စကတ္ေဘာင္းဘီအတြင္း သိုဝွက္ထားေသာ WY စာတမ္းပါ ပန္းေရာင္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း မန္စီျမိဳ႕မရဲတပ္ဖြဲ႕စခန္းမွ သိရသည္။
ျဖစ္စဥ္မွာ မူးယစ္ေဆး၀ါးသတင္းအရ မံစီၿမိဳ႕မရဲစခန္းမွ ရဲအုပ္ဝင္းကိုကိုႏွင့္ တပ္ဖြဲ ့ဝင္မ်ား၊ ရဲေမ တပ္သားသင္းရန႔ံၾကဴသန္း၊ ခလရ(၁၂၁)မွ ဗိုလ္ႀကီးေက်ာ္စြာ ဦးစီးတပ္ဖြဲ ့ဝင္မ်ား၊ ေကာင္လြင္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ေထြး၊ မန္ရြတ္စီဟဲ မူး/စိတ္တား အဖြဲ ့ေခါင္းေဆာင္ ဟန္းတဲရိုးႀကီးရပ္ေန ဦးစိုးညြန္႕ဝင္းတို႕သည္ ေမ ၁ ရက္ေန႕နံနက္၁၁ နာရီခြဲ အခ်ိန္တြင္ ရဲၿမိဳ႕နယ္မွဴး၏ မူးယစ္ေဆးဝါးရွာေဖြ ဖမ္းဆီးခြင့္ ဝရမ္းအမွတ္ ၇/၂၀၁၉ ျဖင့္ ေကာင္လြင္ေက်းရြာ မျမင့္သန္း၏ ေနအိမ္သို႕သြားေရာက္ခဲ့ရာ မျမင့္သန္းႏွင့္ သမီးမနႏၵာေအာင္တို ့အား ေနအိမ္တြင္ အသင့္ေတြ႕ရွိခ့ဲၾကျပီး ရွာေဖြစစ္ေဆးခဲ့ရာတြင္ မနႏၵာေအာင္ ဝတ္ဆင္ထားေသာ စကတ္ေဘာင္းဘီ၊ အနက္ေရာင္ အတြင္းခံ အတြင္း သိုဝွက္ထားေသာ ကမၻာလုံးတံဆိပ္ပါ အျပာေရာင္ကပ္ခြါအိပ္ အတြင္းမွ WY စာတမ္းပါ ပန္းေရာင္ စိတ္ၾကြ ေဆးျပား ၁၀၀ ျပား ရွာေဖြေတြ႕ရွိ သိမ္းဆည္းရမိခဲ့သည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ မံစီၿမိဳ႕မ ရဲစခန္းမွ မယ(ပ ) ၂၂ /၂၀၁၉၊ မူး/စိတ္ ပုဒ္မ ၁၉ (က ) /၂၁ အရ အမွဳဖြင့္ထားၿပီး မျမင့္သန္း၊ ၄၈ ႏွစ္(ဘ) ဦးဆြဲငင္း ႏွင့္ မနႏၵာေအာင္ ၂၃ ႏွစ္၊ ေတာင္သူ၊ ေကာင္လြင္ေက်းရြာေနထိုင္သူတို႕အား အမွဳစစ္ ဒုရဲအုပ္ထံြန္းျမင့္ က တာ၀န္ယူစစ္ေဆးအေရးယူ ေဆာင္ရြက္လွ်က္ရွိသည္။
အဆိုပါ ေဆးျပား ၁၀၀ ျပားကို မနႏၵာေအာင္မွ ရွမ္းျပည္နယ္မိုင္းစိမ္း ေတာထဲတြင္ အမည္မသိ အမ်ိဳးသားတစ္ ဦးထံမွ ေငြ ၃၅၀၀၀ က်ပ္ျဖင့္ သံုးစြဲရန္ႏွင့္ ေရာင္းခ်ရန္အတြက္ ဝယ္ယူခ့ဲေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

ဗန္းေမာ္သုခမိန္
————————————————-
မိန်းကလေးတစ်ဦးဝတ်ဆင်ထားသည့် စကတ်ဘောင်းဘီတိုအတွင်းမှ သိုဝှက်ထားသော WY စိတ်ကြွဆေးပြားများ တွေ့ရှိ ဖမ်းဆီးရမိ
 
EPN
မံစီ၊ မေလ ၂

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ကောင်လွင်ကျေးရွာတွင် မိန်းကလေးတစ်ဦး ဝတ်ဆင်ထားသည့် စကတ်ဘောင်းဘီအတွင်း သိုဝှက်ထားသော WY စာတမ်းပါ ပန်းရောင်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မန်စီမြို့မရဲတပ်ဖွဲ့စခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းအရ မံစီမြို့မရဲစခန်းမှ ရဲအုပ်ဝင်းကိုကိုနှင့် တပ်ဖွဲ့ဝင်များ၊ ရဲမေ တပ်သားသင်းရနံ့ကြူသန်း၊ ခလရ(၁၂၁)မှ ဗိုလ်ကြီးကျော်စွာ ဦးစီးတပ်ဖွဲ့ဝင်များ၊ ကောင်လွင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွေး၊ မန်ရွတ်စီဟဲ မူး/စိတ်တား အဖွဲ့ခေါင်းဆောင် ဟန်းတဲရိုးကြီးရပ်နေ ဦးစိုးညွန့်ဝင်းတို့သည် မေ ၁ ရက်နေ့နံနက်၁၁ နာရီခွဲ အချိန်တွင် ရဲမြို့နယ်မှူး၏ မူးယစ်ဆေးဝါးရှာဖွေ ဖမ်းဆီးခွင့် ဝရမ်းအမှတ် ၇/၂၀၁၉ ဖြင့် ကောင်လွင်ကျေးရွာ မမြင့်သန်း၏ နေအိမ်သို့သွားရောက်ခဲ့ရာ မမြင့်သန်းနှင့် သမီးမနန္ဒာအောင်တို့အား နေအိမ်တွင် အသင့်တွေ့ရှိခဲ့ကြပြီး ရှာဖွေစစ်ဆေးခဲ့ရာတွင် မနန္ဒာအောင် ဝတ်ဆင်ထားသော စကတ်ဘောင်းဘီ၊ အနက်ရောင် အတွင်းခံ အတွင်း သိုဝှက်ထားသော ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင်ကပ်ခွါအိပ် အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား ၁၀၀ ပြား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မံစီမြို့မ ရဲစခန်းမှ မယ(ပ ) ၂၂ /၂၀၁၉၊ မူး/စိတ် ပုဒ်မ ၁၉ (က ) /၂၁ အရ အမှုဖွင့်ထားပြီး မမြင့်သန်း၊ ၄၈ နှစ်(ဘ) ဦးဆွဲငင်း နှင့် မနန္ဒာအောင် ၂၃ နှစ်၊ တောင်သူ၊ ကောင်လွင်ကျေးရွာနေထိုင်သူတို့အား အမှုစစ် ဒုရဲအုပ်ထွံန်းမြင့် က တာဝန်ယူစစ်ဆေးအရေးယူ ဆောင်ရွက်လျှက်ရှိသည်။

အဆိုပါ ဆေးပြား ၁၀၀ ပြားကို မနန္ဒာအောင်မှ ရှမ်းပြည်နယ်မိုင်းစိမ်း တောထဲတွင် အမည်မသိ အမျိုးသားတစ် ဦးထံမှ ငွေ ၃၅၀၀၀ ကျပ်ဖြင့် သုံးစွဲရန်နှင့် ရောင်းချရန်အတွက် ဝယ်ယူခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဗန်းမော်သုခမိန်
 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။