Trending Now

ကျောက်တံတားမြို့နယ်တွင် အမျိုးသားတစ်ဦးထံမှ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

ကျောက်တံတားမြို့နယ်တွင် အမျိုးသားတစ်ဦးထံမှ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊မတ်လ ၁၈ (၂၀၂၄)

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်တွင် အမျိုးသားတစ်ဦးထံမှ စိတ်ပြောင်းဆေးဝါးများကို မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ကျောက်တံတားမြို့နယ်၊ (၇)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းနေ တင်အောင်ဝင်း (ခ)အရှရပ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် (ကက်တမင်း) အလေးချိန် ၄၇၃ ဒဿမ ၅ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၃၆ ဒဿမ ၇၅ သိန်း)၊ အက်တက်စီဆေးပြား ၅၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀)၊ Happy Water အလေးချိန် ၁၂၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး တင်အောင်ဝင်း (ခ)အရှရပ် (၃၂)နှစ်အား ကျောက်တံတားမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး၊ ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။