Trending Now

ကွန်ဂိုနိုင်ငံမှာ ကုလသမဂ္ဂ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း အရပ်သား ၁၅ ဦး သေဆုံးကာ ၅၀ ဒဏ်ရာရ

Spread the love

ကွန်ဂိုနိုင်ငံမှာ ကုလသမဂ္ဂ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း အရပ်သား ၁၅ ဦး သေဆုံးကာ ၅၀ ဒဏ်ရာရ

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၇

ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာ ကုလသမဂ္ဂ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း အရပ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး လူပေါင်း ၅၀ ဒဏ်ရာရရှိခဲ့တယ်လို့ ကွန်ဂိုအာဏာပိုင်တွေက ယမန်နေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အစိုးရပြောရေးဆိုခွင့်ရှိသူက ဘာ့ကြောင့်သေဆုံးရတယ်ဆိုတာ မပြောထားပေမယ့် တွစ်တာမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ကုလရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေက တုံ့ပြန်တဲ့အနေနဲ့ “ဆန္ဒပြသူတွေကို လူစုခွဲဖို့နဲ့ တိုက်ခိုက်မှုမှန်သမျှကို တားဆီးဖို့ သတိပေးပစ်ခတ်မှုတွေ” ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ကွန်ဂိုအရှေ့ပိုင်းဒေသမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေပေမယ့် ကုလရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွေက အရပ်သားတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် ဆန္ဒပြသူတွေက ကုလသမဂ္ဂရဲ့ အခြေစိုက်ရုံးတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ကုလသမဂ္ဂတပ်တွေနဲ့ ဆန္ဒပြသူတွေ ထိတွေ့မှုဖြစ်ပွားခဲ့တဲ့ ဂိုမာမြို့မှာ အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့ပြီး ဘူတန်ဗိုမြို့မှာလဲ အရပ်သား ရှစ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကွန်ဂိုရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ကုလသမဂ္ဂတပ်ဖွဲ့တွေရဲ့ အခြေစိုက်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကုလသမဂ္ဂတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ မော်ရိုကိုက တစ်ဦး၊ အိန္ဒိယနိုင်ငံက နိုင်ငံတကာရဲတပ်ဖွဲ့ဝင်နှစ်ဦး နဲ့ အီဂျစ်နိုင်ငံက ရဲတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“လူအုပ်တွေက ကျောက်ခဲတွေ၊ ဓာတ်ဆီဗုံးတွေနဲ့ ပစ်ပေါက်တာ၊ အခြေစိုက်စခန်းတွေကို ဖြိုခွင်းတာ၊ လုယက်ဖျက်ဆီးတာတွေ၊ အဆောက်အအုံတွေကို မီးရှို့တာတွေ လုပ်နေတယ်”လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကုလသမဂ္ဂ အခြေစိုက်စခန်းအများအပြားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောဆိုခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ ကွန်ဂိုမှာ နှစ်အတန်ကြာ တည်ရှိနေတဲ့ ကုလသမဂ္ဂတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် နိုင်ငံအတွင်းကနေ ထွက်ခွာသွားဖို့ တောင်းဆိုနေကြပါတယ်။

ဂူတာရက်စ်က ကုလငြိမ်းချမ်းရေးစောင့်တပ်တွေကို ဦးတည်တိုက်ခိုက်တဲ့ မည်သည့်တိုက်ခိုက်မှုမဆို စစ်ရာဇဝတ်မှုတစ်ခုအဖြစ် အမြန်စုံစမ်းစစ်ဆေးဖို့နဲ့ တာဝန်ရှိသူတွေကို တရားမျှတမှုပေးဖို့ တောင်းဆိုခဲ့ပါတယ်။

Source – AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။