Trending Now

ဒေသန္တရအမိန့် ဖေါက်ဖျက်သူနှစ်ဦးအား မိုးညှင်းမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် တစ်လစီ ချမှတ်

Spread the love

ဒေသန္တရအမိန့် ဖေါက်ဖျက်သူနှစ်ဦးအား မိုးညှင်းမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် တစ်လစီ ချမှတ်

EPN
မိုးညှင်း၊ မေ ၇

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ယမန်နေ့ညက ညဉ်နက်သန်းခေါင် အချိန်မတော်အပြင်ထွက်နေသူ လူငယ် နှစ်ဦးအား ညမထွက်ရ ဒေသန္တရအမိန့်ဖေါက်ဖျက်ကြောင်း ထင်ရှားသဖြင့် မြို့နယ်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် တစ်လစီ ချမှတ်ခဲ့ကြောင်း သိရှိရသည်။

မိုးညှင်းမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော်နှင့်အဖွဲ့ဝင်များ မိုးညှင်းမြို့မရဲစခန်းမှ ရဲအုပ်အောင်သူစိုးနှင့် တပ်ဖွဲ့ဝင်များသည် နားခါဒေသစိတ် ရန်ကင်းရပ်ကွက် ရာအိမ်မှူး ဦးထွန်းညိုတို့သည် တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး အတွက်လှည့်ကင်း ဆောင်ရွက်နေစဉ် မေလ(၄)ရက်နေ့ ညသန်းခေါင်(၁၂)နာရီကျော်တွင် ရန်ကင်းရပ်ကွက်ထိပ် အရောက်တွင် လူငယ်နှစ်ဦး လမ်းလျောက် လာသည်ကို တွေ့ရှိရသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ လမ်းလျောက်လာသူ နှစ်ဦးမှာ လဖိုင်နော့နော် နှင့် အောင်ခိုင်(ခ)လိုင်းမချမ်း ဆိုသူတို့ ဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် ကန့်သတ်ကာလအတွင်းပြင်ပသို့ ရောက်ရှိနေမှု နှင့် ပတ်သက်၍စစ်ဆေးမေးမြန်းရာ ခိုင်လုံသော အထောက်အထား ပြောကြားနှိုင်ခြင်း မရှိသဖြင့် ဒေသန္တရ အမိန့်အမှတ် ၃/၂၀၂၀အား ဖေါက်ဖျက်ကြောင်းစစ်ဆေးတွေ့ရှိရ၍ မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးမှ တရားလိုပြုလုပ်၍ မိုးညှင်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျောက် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လဖိုင်နော့နော်၊ (၂၅)နှစ်၊ (ဘ)ဦးဆင်ဝါးအိမ်၊ ရပ်ကွက်(၂)၊ ကြံတော ကသာမြို့နေထိုင်သူ နှင့် အောင်ခိုင်(ခ)လိုင်းမချမ်း၊ ရပ်ကွက်(၂)၊ ကြံတော၊ ကသာမြို့နေထိုင်သူတို့အား မိုးညှင်းမြို့နယ် ဒုတိယ တရားသူကြီး (၂) ဦးကောင်းမြတ်စိုးမှ ရာကြီးအမှုအမှတ် ၁၈၆/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၁၈၈ အရ စစ်ဆေးခဲ့ရာ ပြစ်မှုထင်ရှားသဖြင့် မေလ(၅)ရက်နေ့တွင် အလုပ်နှင့်ထောင်ဒဏ် တစ်လစီချမှတ်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။