Trending Now

လီဆိုသို ဝန်ကြီးချုပ်ဟောင်းက ဇနီးသစ်နဲ့ပေါင်းပြီး ကွာရှင်းထားတဲ့ ဇနီးဟောင်းကို လူသတ်သမားတွေငှားပြီး လုပ်ကြံသတ်ဖြတ်

Spread the love

လီဆိုသို ဝန်ကြီးချုပ်ဟောင်းက ဇနီးသစ်နဲ့ပေါင်းပြီး ကွာရှင်းထားတဲ့ ဇနီးဟောင်းကို လူသတ်သမားတွေငှားပြီး လုပ်ကြံသတ်ဖြတ်

EPN
နိုင်ငံတကာ၊ ဇွန် ၁၁

လီဆိုသို ဝန်ကြီးချုပ်ဟောင်း သောမတ်သာဘိန်းနဲ့ သူရဲ့ဇနီးတို့ဟာ လွန်ခဲ့တဲ့သုံးနှစ်က ကွဲနေတဲ့ ဇနီး ဟောင်း လီပိုလီလိုကို သတ်ဖြတ်ပေးဖို့ လုပ်ကြံသတ်ဖြတ်သူတွေကို အမေရိကန်ဒေါ်လာ ၂၄၀၀၀ ပေးချေခဲ့ရ တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထွက်ဆိုချက်တစ်ခုအရ သိရပါတယ်။

အဲဒီလုပ်ကြံသတ်ဖြတ်မှု အရှုပ်တော်ပုံကြောင့် လီဆိုသိုပြည်သူတွေကို တုန်လှုပ်သွားစေခဲ့ပြီး စုံစမ်းစစ် ဆေးမှုမှာ အနှောင့်အယှက်ပေးတယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ပတ်သက်တဲ့ ဖိအားတွေကြောင့် သောမတ်သာဘိန်းလည်း ရာထူးကနေ နှုတ်ထွက်ခဲ့ရပါတယ်။

လီဆိုသိုဝန်ကြီးချုပ်ဟောင်း သောမတ်သာဘိန်းနဲ့ ဇနီးသည်ဟောင်း လီပိုလီလိုတို့ဟာ သောမတ်ရဲ့ ၂၀၁၇ ခုနှစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမကျင်းပမီ နှစ်ရက်အလို နေအိမ်အပြင်ဘက်မှာ လီပိုလီလို ပစ် သတ်မခံရမီ ကွာရှင်းပြတ်စဲရေးနှင့်ပတ်သက်လည်း အမှုအခင်းဖြစ်ခဲ့တာပါ။

သောမတ်သာဘိန်းကို လက်ရှိအချိန်ထိ တရားမစွဲခဲ့ပေမယ့် ငှားရမ်းထားတဲ့ လူသတ်သမားတွေနဲ့ လူသတ်မှုစွဲချက်ကြောင့် အကျဉ်းကျနေတဲ့ ဇနီးသည် မဲစိုင်ယာတို့နဲ့ပူးပေါင်းပြီး လီပိုလီလိုကို သတ်ဖြတ်တဲ့အမှုမှာ ပါဝင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း သောမတ်သာဘိန်းနဲ့ သူ့ရဲ့ဇနီး မဲစိုင်ယာတို့က သမ္မတကတော်နေရာကို မဲစိုင်ယာ ရယူနိုင်စေဖို့ လီပိုလီလိုကို သေစေလိုခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ဒုတိယအကြီးအကဲ ပါစီကာမိုကီတီက ပြောပါတယ်။

အခင်းဖြစ်ရာနေရာကနေ အဆက်အသွယ်ပြုထားတဲ့ မှတ်တမ်းတွေပါတဲ့ သောမတ်သာဘိန်းရဲ့ မိုဘိုင်း ဖုန်းကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပေမယ့် သူ့အနေနဲ့ လူသတ်မှုမှာ ပါဝင်ခဲ့တာမရှိဘူးလို့ သောမတ်သာဘိန်းက ငြင်းဆန် ခဲ့ပါတယ်။

သောမတ်သာဘိန်းက ဇနီးဟောင်း လီပိုလီလို သေဆုံးပြီးနောက် နှစ်လအကြာမှာ မဲစိုင်ယာကို လက်ထပ် ခဲ့တာပါ။ သောမတ်တို့ဇနီးမောင်နှံက လူသတ်သမားတွေကို ဒေါ်လာ ၁၇၉၄၈၅ အထိ အရစ်ကျပေးဖို့ ကတိပြုခဲ့ တယ်လို့ ဆိုပါတယ်။

“သောမတ်သာဘိန်းက ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီ လူသတ်မှုကို လုပ်ဆောင်ခဲ့တာပါ” လို့ မိုကီတီက ပြောပါတယ်။

၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၄ ရက်မှာ လီပိုလီလိုကို လုပ်ကြံသတ်ဖြတ်ပြီးတဲ့နောက်မှာ ကနဦးပေးချေမှုအဖြစ် ဒေါ်လာ ၂၃၉၃၁ ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီရက်မတိုင်မီ နှစ်ရက်အလိုက လီပိုလီလိုကို လုပ်ကြံ သတ်ဖြတ်ဖို့ ပထမအကြိမ် ကြိုးပမ်းမှုက မအောင်မြင်ခဲ့ဖူးလို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်းမှာ လူသတ်သမားတစ်ဦးက နိုင်ငံတော်သက်သေ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော် ဝါရီလမှာ မဲစိုင်ယာကို လူသတ်မှုနှင့် စွဲချက်တင်ခဲ့ပေမယ့် တရားရုံးချုပ်က အာမခံငွေ ၅၇ ဒေါ်လာနဲ့ မလွှတ်ပေးမီ ထောင်ထဲမှာ ညဝက်သာ နေခဲ့ရပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်း တရားရုံးက အာမခံကို ပယ်ဖျက်ပြီးတဲ့နောက် သူ့ကို အချုပ်ထဲပြန်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မဲစိုင်ယာက အာမခံ ထပ်မံ လျှောက်ထားခဲ့ပြီး နောက်ထပ် ကြားနာစစ်ဆေးမှုကို ဇွန်လ ၁၆ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

အာမခံလျောက်ထားရာမှာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်က တောင်အာဖရိကနိုင်ငံမှာ ခွဲစိတ်မှုလုပ်ဆောင်ခဲ့တဲ့ ခင်ပွန်းဖြစ်သူ သောမတ်သာဘိန်းဟာ အကျိတ်ကင်ဆာ ခံစားနေရတာကြောင့် ပြုစုစောင့်ရှောက်ချင်ပါတယ်လို့ ရေးသားခဲ့ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က သူရဲ့ အာမခံလျှောက်ထားမှုကို ကန့်ကွက်ခဲ့ပါတယ်။

–ကိုးကား–
ဆဟာရရီပိုတာ
Ref; Former Lesotho PM Paid Killers $24,000 To Murder Estranged Wife ― Police


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။