Trending Now

မိုးညှင်းမြို့နယ်တွင် အသက် (၅၀)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးထံမှ ကျပ်ငွေ သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

Spread the love

မိုးညှင်းမြို့နယ်တွင် အသက် (၅၀)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးထံမှ ကျပ်ငွေ သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

EPN
မိုးညှင်း၊ မတ်လ ၁၈

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အသက် (၅၀)နှစ်ရှိ အမျိုးသမီးတစ်‌ဦးထံမှ ကျပ်ငွေ သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူများကို မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၅ရက် နေ့လည် ၂ နာရီခန့်အချိန်တွင် မိုးညှင်းမြို့နယ်ရှိ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် မူးယစ်သတင်းအရမော်တော်ယာဉ်များအား စစ်ဆေးဆောင်ရွက်နေစဉ် မန္တလေးမြို့မှ မြစ်ကြီးနားမြို့ ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ဒေါ်မာအေး တင်ဆောင်လာသည့် ဆာလာအိတ်များအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၄.၂၉ ကီလို ( ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၇၂.၅ သိန်း) မြန်မာငွေကျပ် ၅၀၀၀၀ နှင့်လက်ကိုင် ဖုန်းတစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးများ တင်ဆောင်လာသည့် ဒေါ်မာအေး အသက်(၅၀)နှစ်အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမူဖွင့်အရေးယူထားလျက်ရှိ ကြောင်း သိရသည်။

အလားတူ မတ်လ ၁၆ ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် အမျိုးသားတစ်ဦး မောင်းနှင်လာ သည့်ဆိုင်ကယ်ခွကြားမှ ကျပ်ငွေ သိန်း (၆၀)နီးပါးရှိ ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။