Trending Now

ပါကစ္စတန်မှာ မင်္ဂလာဆောင် လှေတစ်စီး တိမ်းမှောက်လို့ လူ ၂၀ သေဆုံးခဲ့

Spread the love

ပါကစ္စတန်မှာ မင်္ဂလာဆောင် လှေတစ်စီး တိမ်းမှောက်လို့ လူ ၂၀ သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၁၉

ပါကစ္စတန်နိုင်ငံမှာ မင်္ဂလာဆောင်ပွဲတစ်ခုရဲ့ ဧည်သည်တင်လှေတစ်စင်း တိမ်းမှောက်ခဲ့လို့ အမျိုးသမီးနဲ့ ကလေးငယ် ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပါကစ္စတန် တာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဒီအဖြစ်အပျက်ဟာ ပန်ဂျပ်ပြည်နယ်ရဲ့ အဓိကမြို့ဖြစ်တဲ့ မူလ်တန်မြို့ရဲ့ တောင်ဘက် မိုင် ၂၁၀ အကွာမှာရှိတဲ့ လျင်မြန်စွာ စီးဆင်းနေတဲ့ ဟင်ဒူ မြစ်ထဲမှာ ယမန်နေ့က ဖြစ်ပွားခဲ့တာလို့ အကြီးတန်းအစိုးရအရာရှိတစ်ဦးက ပြောပါတယ်။

သတိုးသားအပါအဝင် လူ ၆၅ ဦကိုကယ်ဆယ်နိုင်ခဲ့ပေမယ့် သတိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း နှစ်ဒါဇင်နီးပါ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ကံမကောင်းစွာနဲ့ပဲ ကယ်ဆယ်ရေးသမားတွေ ဆယ်ယူရရှိခဲ့တဲ့ အလောင်းတွေအားလုံးဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ချက်ချင်း မသိရသေးပေမယ့် လှေဟာ လူ ၉၀ နဲ့ ၁၀၀ ကြားလိုက်ပါခဲ့လို့ ရေပေါ်မှာ အလေးချိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာလို့ ယူဆရပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် က အဆိုပါဖြစ်ရပ်အတွက် ဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ပျောက်ဆုံးနေတဲ့ လူတွေကို အစွမ်းကုန်ကြိုးစားပြီးကယ်ဆယ်ဖို့ တောင်းဆိုခဲ့ပါတယ်။

အခုလို မတော်တဆမှုတွေဟာ ပါကစ္စတန်မှာ အဖြစ်များပြီး မြစ်ထဲမှာ သယ်ယူပို့ဆောင်ရေးလုပ်နေတဲ့ လှေတွေအားလုံးဟာ ခနော်ခနဲ့ သစ်သားလှေတွေကိုပဲ အများဆုံးအသုံးပြုကြတဲ့အပြင် အများစုဟာ အသက်ကယ် အင်္ကျီတွေ မပါဝင်ဘာဘူး။

Source – ABC

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။