Trending Now

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရာတွင် ကူညီရန် မဲလ်ဘုန်းမြို့သို့ သြစတြေးလျတပ်ဖွဲ့ဝင် ၁၀၀၀ စေလွှတ်မည်

Spread the love

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရာတွင် ကူညီရန် မဲလ်ဘုန်းမြို့သို့ သြစတြေးလျတပ်ဖွဲ့ဝင် ၁၀၀၀ စေလွှတ်မည်

EPN
နိုင်ငံတကာ၊ ဇွန် ၂၅

ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဖြစ်ပွားနေသည့် မဲလ်ဘုန်းမြို့တော်၌ ဗိုင်းရပ်စ်ပျံ့နှံ့မှုထိန်းချုပ်ရန် တပ်ဖွဲ့ဝင် ၁၀၀၀ စေလွှတ်မည်ဟု သြစတြေးလျတပ်မတော်က ယနေ့ ကြေညာလိုက်သည်။

မဲလ်ဘုန်းမြို့တော်၌ ပြီးခဲ့သောသီတင်းပတ်အတွင်း ဗိုင်းရပ်စ် အစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်ပွားပြီး နောက် ဗစ်တိုးရီးယားပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်လာခဲ့သည်။

ယနေ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသစ် ၃၇ မှုတွေ့ရှိခဲ့ပြီး ဧပြီလလယ်နောက်ပိုင်း နေ့အလိုက် အမြင့်ဆုံး ကူးစက်မှုဖြစ်ကြောင်း အာဏာပိုင်များက ကြေညာခဲ့သည်။

လာမည့်ရက်အနည်းငယ်အတွင်း တပ်ဖွဲ့ဝင် ၁၀၀၀ ကို ဗစ်တိုးရီးယားပြည်နယ်သို့ ဖြန့်ကြက်မည်ဟု ကာ ကွယ်ရေးဝန်ကြီး လင်ဒါရေးနိုးစ်က ယနေ့ ပြောကြားလိုက်သည်။

သြစတြေးလျတပ်ဖွဲ့ဝင် ၈၅၀ ခန့်က ဟိုတယ်များ၌ သီးသန့်ခွဲနေသည့် ပြည်တော်ပြန်ခရီးသွားများကို ကူညီစောင့်ကြည့်မည်ဖြစ်ပြီး ၂၀၀ ခန့်က ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးနေရာများ၌ ထောက်ပံ့ပို့ဆောင်မှုနှင့် ဆေးဘက်ဆိုင်ရာအကူအညီ ပံ့ပိုးပေးမည်ဖြစ်သည်။

စစ်ဘက်တပ်ဖွဲ့ဝင်များက ပြင်ပခရီးသွားများကို ပိတ်ပင်ထားသော နယ်စပ်ဂိတ်များ၌ စောင့်ကြပ်နေပြီး ကျန်းမာရေးနှင့် အရေးပေါ် စီမံခန့်ခွဲမှုတာဝန်များ ဆောင်ရွက်လျက်ရှိသည်။

သြစတြေးလျနိုင်ငံရှိ အဓိကမြို့ကြီးတစ်ခုတွင် ပမာဏများပြားသော စစ်ဘက်တပ်ဖွဲ့ဝင်များ ဖြန့်ကြက်မှု က ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း မကြုံစဖူးအခြေအနေဖြစ်သည်။

လာမည့် ၁၀ ရက်အတွင်း လူတစ်သိန်းကို ဗိုင်းရပ်စ်စမ်းသပ်မှုပြုလုပ်ရန် မျှော်လင့်ချက်ဖြင့် လုပ်သား ၁၀၀၀ က အဆိုးဝါးဆုံးဖြစ်ပွားရာဧရိယာများတွင် ဒေသခံများကို အိမ်တိုင်ရာရောက် စမ်းသပ်မှုခံယူရန် တိုက် တွန်းနေကြောင်း ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် ဒန်နီယယ်လ်အန်ဒရူးစ်က ပြောသည်။

–ကိုးကား–
အိုင်ဘီ တိုင်းမ်
Ref; Australia To Deploy 1,000 Troops To Melbourne Virus Outbreak


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။