Trending Now

သမချေးငွေ ထုတ်ချေးထားသည့် တောင်သူများအနေဖြင့် ပြန်ဆပ်ရန် ပျက်ကွက်ပါက ဖမ်းဆီးတရားစွဲမည်ဟု သက်ဆိုင်ရာမှ အသံချဲ့စက်ဖြင့် လိုက်လံကြေညာ

Spread the love

သမချေးငွေ ထုတ်ချေးထားသည့် တောင်သူများအနေဖြင့် ပြန်ဆပ်ရန် ပျက်ကွက်ပါက ဖမ်းဆီးတရားစွဲမည်ဟု သက်ဆိုင်ရာမှ အသံချဲ့စက်ဖြင့် လိုက်လံကြေညာ

EPN
မော်လမြိုင်ကျွန်း၊ ဇွန် ၆

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်မှ သမဝါယမ ချေးငွေထုတ်ချေးထားသည့် တောင်သူများ အနေဖြင့် ဇွန်လ ၅ ရက်နောက်ဆုံးထားပြီး ချေးငွေများကို ပြန်လည် ပေးဆပ်ရမည် ဖြစ်ပြီး ပေးဆပ်ရန် ပျက်ကွက်ပါက ဖမ်းဆီးတရားစွဲ အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာက အသံချဲ့စက်ဖြင့် ကျေးရွာများအထိ ကွင်း ဆင်း လိုက်လံကြေညာနေကြောင်း ဒေသခံတောင်သူများ ထံမှသိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်ရှိ တောင်သူများ ထုတ်ချေးထား သည့် သမဝါယမချေးငွေများမှာ ယခုနှစ်အတွက် ပြန်လည် ပေးဆပ်ရန် တောင်သူအချို့ကျန်နေသေးသဖြင့် ပြန်လည်ပေးဆပ်ရန် သက်ဆိုင်ရာမှ လိုက်လံကြေညာနေခြင်း ဖြစ်သည်။

”ဒီနှစ်အတွက် ပြန်ဆပ်ဖို့ ကျန်တဲ့သူအားလုံး ၅ ရက်နေ့နောက်ဆုံးထား ပြန်ဆပ်ဖို့ကြေညာသွားတယ် အသံချဲ့စက်နဲ့ လိုက်ကြေညာသွားတာပါ ဒီနှစ်ကတော့ ဘယ်လိုမှ ပြန်မဆပ်နိုင်သေးပါဘူး သတ်မှတ်ရက်ပြန် မဆပ်ပေးရင် ဖမ်းမယ်လို့ပြောတယ်ဖမ်းလည်းအဖမ်း ခံရဖို့ဘဲရှိတယ်”ဟု မော်လမြိုင်ကျွန်းမြို့မှဒေသခံတောင်သူတစ်ဦးက ပြောသည်။

အဆိုပါ ဒေသများမှတောင်သူများသည် ယခုနှစ်ချေးငွေ ကို ပြန်လည်ပေးဆပ်ရန် နွေစပါးများ အထွက်နှုန်းကျဆင်းခဲ့သဖြင့် စိုက်ပျိုးရေးစရိတ်သာသာလောက်သာ ရရှိခြင်း ကြောင့် ပြန်လည် မဆပ်နိုင်ခြင်းဖြစ်ပြီး ချေးငွေများပြန် ဆပ်ရန်ကာလကို ဆိုင်းငံ့ပေးရန်လိုလားနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

”ပြန်ဆပ်ဖို့ကာလနဲ့ အခြားကိစ္စများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်စေလိုတယ် ကျွန်တော်တို့ဘက်ကတော့ ပြည်သူတွေအတွက် သမချေးငွေရရှိရေး တင်ပြရတဲ့ တာဝန်၊ပြန်လည် ချေးငွေပြန်တောင်းရတဲ့ တာဝန်ကိုဘဲဆောင်ရွက်ရတာပါ။” ဟု မော်လမြိုင်ကျွန်းမြို့နယ်ကျေးရွာ သမဝါယမချေးငွေ ထုတ်ချေးရေတာဝန်ခံတစ်ဦးကပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ယခုနှစ်သမဝါယမချေးငွေပြန်လည်ပေးဆပ်ရန်တောင်သူ ဦးရေ ၄၀၀ ကျော်ကျန်ရှိနေပြီး တောင်သူများအနေဖြင့် လာမည့် မိုးစပါးပေါ်သည့်ကာလကိုရွှေ့ဆိုင်းစေလို ကြောင်းဒေသခံ တောင်သူများထံမှသိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။