Trending Now

ဆော်ဒီ နယ်ခြားစောင့်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အီသီယိုးပီးယား ရွှေ့ပြောင်းနေထိုင်သူ ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ပြော

Spread the love

ဆော်ဒီ နယ်ခြားစောင့်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အီသီယိုးပီးယား ရွှေ့ပြောင်းနေထိုင်သူ ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ပြော

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၃

ဆော်ဒီ နယ်ခြားစောင့်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အီသီယိုးပီးယား ရွှေ့ပြောင်းနေထိုင်သူ ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

စစ်ဒဏ်ခံနေရတဲ့ ယီမင်းကိုဖြတ်ကျော်ကာ ဆော်ဒီအာရေဗျကို ရောက်ရှိသွားတဲ့ အီသီယိုးပီးယားနိုင်ငံသား အများစုဟာ ဆော်ဒီနယ်ခြားစောင့်တပ်တွေရဲ့ ပစ်သတ်ခြင်းကိုခံခဲ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဆော်ဒီအစိုးရ သတင်းရင်းမြစ်တစ်ခုက “ယီမင်နယ်စပ်ကို ဖြတ်ကျော်လာစဉ် ဆော်ဒီနယ်ခြားစောင့်တပ်တွေ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ အစီရင်ခံစာမှာ ပါဝင်တဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေအပေါ် အခြေခံတာ မဟုတ်ဘူး။” လို့ ပြောပါတယ်။

ယီမင်နိုင်ငံမြောက်ပိုင်း ဆော်ဒီအာရေဗျနယ်စပ်မှာ တခါတရံ ဆော်ဒီရဲတွေနဲ့ စစ်သားတွေက ဗုံးကဲ့သို့ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

လူ့အခွင့်အရေးအဖွဲ့က တွေ့ဆုံမေးမြန်းခဲ့တဲ့ အသက် ၂၀ အရွယ် အီသီးယိုးပီးယား အမျိုးသမီးတစ်ဦးက ဆော်ဒီနယ်ခြားစောင့်တပ်တွေ ချုပ်နှောင်ထားရကနေလွတ်မြောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ တစ်စုကို အစုလိုက်အပြုံလိုက် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

“သူတို့ပစ်တဲ့ ကျည်ဆံတွေက မိုးရွာသလိုပဲ၊ ခြေနှစ်ချောင်းပြတ်နေတဲ့ လူတစ်ယောက်က ထားမသွားကြပါနဲ့လို့ အကူအညီတောင်းနေတာတွေ့ခဲ့ရပေမယ့် ငါတို့မကူညီခဲ့နိုင်ဘူး ဒါကိုပြန်တွေးမိတိုင်း ငိုမိတယ်” လို့ အမျိုးသမီးက ပြောပါတယ်။

ဂေါက်သီးပြိုင်ပွဲတွေ၊ ဘောလုံးအသင်းတွေ၊ ကြီးမားတဲ့ ဖျော်ဖြေရေးပွဲတွေနဲ့ ဆော်ဒီရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့အတွက် ဘီလီယံနဲ့ချီ အကုန်အကျခံလုပ်နေပေမယ့် ဒီလိုဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ မကြိုးစားသင့်ဘူးလို့ အစီရင်ခံစာက ဖော်ပြပါတယ်။

အမေရိကန်က အဆိုပါအစီရင်ခံစာနဲ့ ပတ်သက်လို့ သတိပေးချက်ထုတ်ပြန်ခဲ့ပြီး အပြည့်အစုံစုံစမ်းစစ်ဆေးဖို့ ဆော်ဒီကို တိုက်တွန်းခဲ့ပါတယ်။

“ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဆော်ဒီအစိုးရကို ကျွန်တော်တို့ စိုးရိမ်ပူပန်မှုတွေ ရှိလာပါပြီ” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး ဆော်ဒီအာဏာပိုင်တွေကို နိုင်ငံတကာဥပဒေအောက်မှာ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် ပထမလေးလအတွင်း ဆော်ဒီလုံခြုံရေးတပ်ဖွဲ့တွေက နယ်စပ်ဖြတ်ကျော် အမြောက်ပစ်ခတ်မှုတွေနဲ့ လက်နက်ငယ်ပစ်ခတ်မှုတွေကြောင့် ဆော်ဒီအာရေးဗီးယားတောင်ပိုင်းနဲ့ ယီမင်းမြောက်ပိုင်းက ရွှေ့ပြောင်းနေထိုင်သူ ၄၃၀ ခန့် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူတွေက ပြီးခဲ့တဲ့ နှစ်က ဖော်ပြခဲ့ပါတယ်။

Ref; CBS

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။