Trending Now

KIA လက်နက်ကိုင်အဖွဲ့သည် မြန်မာနိုင်ငံ အတွင်းက လက်နက်ကိုင် အဖွဲ့များနှင့် တော်လှန်ရေး အဖွဲ့တွေထက် အောက်တန်းအကျဆုံးနှင့် အကောက်ကျစ်ဆုံး အဖွဲ့တစ်ခု ဖြစ်ကြောင်း ဦးရွှေမင်းကဆို

Spread the love

KIA လက်နက်ကိုင်အဖွဲ့သည် မြန်မာနိုင်ငံ အတွင်းက လက်နက်ကိုင် အဖွဲ့များနှင့် တော်လှန်ရေး အဖွဲ့တွေထက် အောက်တန်းအကျဆုံးနှင့် အကောက်ကျစ်ဆုံး အဖွဲ့တစ်ခု ဖြစ်ကြောင်း ဦးရွှေမင်းကဆို

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁

တရုတ်ပြည် ထိန်ချုန်းမြို့မှ မြန်မာနိုင်ငံ ကံပိုင်တည်နယ်စပ်မြို့သို့ ရောက်ရှိခဲ့ပြီး မြစ်ကြီးနားသို့ စစ်ယာဉ်တန်းများဖြင့် မောင်းနှင်လာစဉ် ဆဒုံးမြို့အလွန် အင်ဝမ်းကောင်နှင့် လနားရေတံခွန်ကြားတွင် KIA လက်နက် ကိုင်အဖွဲ့မှ ယာဉ်တန်းအား ချောင်းမြောင်း ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား၊ နန်ကျင်စီးပွားရေးဇုန်နှင့် ပတ်သက်သည့် ကဏ္ဍများ‌ေဆွး‌ေနွးရန် တရုတ်ကောင်စစ်ဝန်အဖွဲ့မှ လာရောက် လေ့လာစဉ် ဆဒုံးတံတားအကျော်တွင် ‌KIA အဖွဲ့ ဆက်ကြေးကောက်ခံသည့် နေရာတွင် ပစ်ခတ်ခံရပြီး အဆိုပါ ပစ်ခတ်မှုများသည် KIA အဖွဲ့ကသာ ပြုလုပ်ခြင်းဖြစ်ကြောင်း ဒူးလေးပါတီ နာယက ဦးရွှေမင်းက ဆိုသည်။

” ဒီလို အောက်တန်းကျ ကောက်ကျစ်တဲ့ လုပ်ရပ်မျိုးကို ဘယ်လက်နက်ကိုင်အဖွဲ့ ဘယ်တော်လှန်ရေးအဖွဲ့မှ မလုပ်ဘူး။ KIA ကသာ ‌ကောက်ကျစ် ယုတ်မာပြီးလုပ်တာပဲဖြစ်တယ်။ ဒါကို KIA လော်ဘီ သတင်းမီဒီယာတွေက လုပ်ကြံပြီး ရေးသားထားတာ ဖြစ်တယ်။ ဒါတွေ အားလုံးကို တရုတ်ဘက်ကလည်း သိတယ်။ အဲ့အတွက် KIA ရဲ့ စီးပွားရေး ဆိုင်ရာတွေကို ပိတ်သင့်သလောက် ပိတ်နေပြီလို့ ထင်ပါတယ် ” ဟု ၎င်းကရှင်းပြသည်။

KIA လက်နက်ကိုင်အဖွဲ့မှ နယ်ခြားစောင့်တပ်ဖွဲ့၏ ရှေ့ပြေးဒုတိယယာဉ်အား ၁၃ ကီလိုမီတာ အကွာလောက္ တွင် လက်နက်ငယ်ဖြင့် ငါးချက်ပစ်ခတ်ခံရပြီးထိခိုက်ဒဏ်ရာရရှိခဲ့သူ မရှိကြောင်း သိရသည်။

တရုတ်ပြည် ထိန်ချုံးမြို့မှ လာရောက်ကြသည့် တရုတ်ကောင်စစ်ဝန်အဖွဲ့အား ချောင်းမြောင်း ပစ်ခတ်ခဲ့သည့် နေရာ သည် KIA လက်နက်ကိုင်အဖွဲ့မှ အများ ပြည်သူများအပေါ် ဆက်ကြေးကောက်ခံသည့် နေရာတစ်ခုဖြစ်ပြီး ယင်းနေရာ အား တပ်မတော်စစ်ကြောင်းနှင့် ပြည်သူ့စစ် တပ်ဖွဲ့တို့က တိုက်ခိုက်ရှင်းထုတ်ထားသည့် နေရာလည်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းက အတည်ပြု၍ ယင်းလုပ်ရပ်များသည် KIA လက်နက်ကိုင်အဖွဲ့မှ ပြုလုပ်ခြင်းသာဖြစ်ကြောင်း သတင်းမီဒီယာတစ်ခုသို့ အတည်ပြု ပြောဆိုထားပြီး ပြည်ဖျက္ မီဒီယာများမှ သတင်းအတုအယောင်များ လှုံ့ဆော်ဖော်ပြမှုများကိုလည်း လုံခြုံရေးအရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။