Trending Now

အမေရိကန်ပိတ်ဆို့မှုကို ဆန့်ကျင်ပြီး နိုင်ငံတကာစည်းလုံးညီညွတ်မှုအတွက် ကျေးဇူးတင်ကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီးပြော

Spread the love

အမေရိကန်ပိတ်ဆို့မှုကို ဆန့်ကျင်ပြီး နိုင်ငံတကာစည်းလုံးညီညွတ်မှုအတွက် ကျေးဇူးတင်ကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီးပြော

 

EPN
နိုင်ငံတကာ၊ မေ ၃

ကျူးဘားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ် က အမေရိကန်ပိတ်ဆို့မှုကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ သူရဲ့ နိုင်ငံကို တစ်ကမ္ဘာလုံးက ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ရှိတယ်လို့ ယမန်နေ့က ထုတ်ဖော်ပြောခဲ့ပါတယ်။

ကျူးဘား သမ္မတ နိုင်ငံနဲ့ ကမ္ဘာနိုင်ငံ ဒေသပေါင်း ၆၀ ခန့်က တက်ကြွလှုပ်ရှားသူ ၁,၀၀၀ ခန့် ပါဝင်တက်ရောက်ခဲ့ပြီး ဟာဗားနားမြို့မှာ ကျင်ပပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာစည်းလုံးညီညွတ်မှုအစည်းအဝေးမှာ သူက ပြောဆိုခဲ့တာပါ။

သမဂ္ဂများ ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုအဖွဲ့များနဲ့ အရပ်ဘက်အဖွဲ့အစည်းများ စုစုပေါင်း ၂၁၉ ခုမှ ကိုယ်စားလှယ်များဟာ စည်းလုံးညီညွတ်မှုကို ပြသရန်အတွက် အစည်းအဝေးပါဝင်တက်ရောက်ခဲ့တာကို လည်း ကျေးဇူးတင်ကြောင်း ရိုဒရီဂွက်ဇ် က ပြောကြားခဲ့ပါတယ်။

“ ခင်ဗျားတို့ရဲ့ ရုန်းကန်ကြိုးပမ်းအားထုတ်မှုမှတဆင့် ခင်ဗျားတို့ဟာ ကြီးမားတဲ့ အခက်အခဲပေါင်းမြောက်မြားစွာကြားက ကျူးဘားပြည်သူတွေရဲ့ တီထွင်ဆန်းသစ်မှု ၊ ဇွဲလုံးလ နဲ့ ကြံ့ကြံ့ခံအောင်ပွဲခံမှုကို တွန်းအားပေးခဲ့ပါတယ်” လို့ သူကပြောဆိုခဲ့ပါတယ်။

ကျူးဘားအပေါ် အမေရိကန်ဦးဆောင်သော ကုန်သွယ်ရေးပိတ်ဆို့မှုဟာ ပြင်းထန်သောအဆင့်သို့ ရောက်ရှိလာခဲ့တာကိုလည်း ဝန်ကြီးက ရှုတ်ချခဲ့ပြီး ပိတ်ဆို့မှုတွေကြောင့် ကျူးဘားအစိုးရအနေဖြင့် လွန်ခဲ့သော နှစ်များက ခန့်မှန်းခြေ ဆုံးရှုံးနစ်နာမှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၅၀ အထိရှိခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်နှစ်တာ ရွှေ့ဆိုင်းခဲ့ရတဲ့ ကျူးဘားနဲ့အတူ အပြည်ပြည်ဆိုင်ရာစည်းလုံးညီညွတ်မှု အစည်းအဝေးကို ဧပြီ ၃၀ ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး မေ ၂ ရက်နေ့ မှာ ပြီးဆုံးခဲ့ကြောင်း သိရပါတယ်။

ကျူးဘားအလုပ်သမားဗဟိုသမဂ္ဂ နဲ့ ကျူးဘားပြည်သူများချစ်ကြည်ရင်းနှီးမှုအင်စတီကျု့က ဦးဆောင်ပြုလုပ်တဲ့ ယင်းဖိုရမ်ကို ၁၉၉၄ ခုနှစ်တွင် ပထမဆုံးအကြိမ် စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Source – xinhua


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။