Trending Now

ထိုင်းဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ဖို့ တောင်ဆိုခံနေရ

Spread the love

ထိုင်းဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ဖို့ တောင်ဆိုခံနေရ

EPN

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအား ရာထူးမှနုတ်ထွက်ရန်အတွက် ပြည်သူများနှင့် အတိုက်အခံအမတ်များ၏ တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရသည်။

ပရာယွတ်ချန်အိုချာ၏ ဝန်ကြီးချုပ်အဖြစ် ရှစ်နှစ်တာ တာဝန်ထမ်းဆောင်မှုသည် ယခုလ အတွင်းပြီးဆုံးမည်ဖြစ်သည်။
အတိုက်အခံပါတီက ပြီးဆုံးမည့်အချိန်၌ ရာထူးမှ နုတ်ထွက်သင့်သည်ဆိုသည်ကို အခြေအတင် ဆွေးနွေးရန် အရေးပေါ် အဆိုပြုချက်ကို ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည့် ၁၈ ကြိမ်မြောက် အစည်းအဝေးတွင် အဆိုပြုခဲ့သည်။

သို့သော် ဝန်ကြီးချုပ်ရာထူးအတွက် ပါလီမန်အခြေအတင် စကားစစ်ထိုးပွဲအတွင်း အတိုက်အခံများ၏ လက်ငင်းအဆိုပြုချက်သည် အထမြောက်ခြင်းမရှိဘဲ ဖျက်သိမ်းခဲ့ရသည်။ ဝန်ကြီးချုပ် ပရာယွတ်သည် ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးခံရပါက ဝန်ကြီးအဖွဲ့တစ်ခုလုံး ရာထူးမှ နုတ်ထွက်ရမည်ဖြစ်ပြီး ယင်းပြဿနာသည် နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်နိုင်သည်ဟု လွှတ်တော်အမတ် ရာဆီမန် က ပြောကြားခဲ့သည်။

အတိုက်အခံအမတ်များသည် ဝန်ကြီးချုပ်၏ ရှစ်နှစ်သက်တမ်းအတွက် မည်သည့်အချိန်တွင် နှုတ်ထွက်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးသို့ အသနားခံရန်အတွက် ပါလီမန်အတွင်း တင်ပြခဲ့သော်လည်း အထမြောက်ရန်လိုအပ်သည့် အမှတ်ဦးရေ ၂၃၉ ဦးရှိသည့်အနက် ၁၂၄ ဦးသာ တက်ရောက်ခဲ့သဖြင့် အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်သည်။

အတိုက်အခံခေါင်းဆောင် ချိုလန်နန် က အဆိုပါကိစ္စနှင့်ပတ်သက်၍ စီရင်ချက်ချရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ ဩဂုတ်လ ၁၆ သို့မဟုတ် ၁၇ ရက်တွင် အသနားခံစာတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်သူမဆို ဝန်ကြီးချုပ်အဖြစ် ရှစ်နှစ်ထက် ပိုကြာအောင် ထမ်းဆောင်ခွင့် တားမြစ်ထားသည်။ သို့သော်လည်း ရှစ်နှစ်ကြာ ကန့်သတ်ချက်သည် မည်သည့်အချိန်တွင် စတင်သင့်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ပရာယွတ်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် အာဏာသိမ်းပြီးနောက် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၄ ရက်မှ စတင်ကာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၂၀၁၇ ခုနှစ်တွင် အသက်ဝင်ခဲ့သည်။

လွန်ခဲ့သည့် ရှစ်နှစ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ သူသည် ဝန်ကြီးချုပ်ဖြစ်လာသော်လည်း အပြောင်းအလဲကို တောင်းဆိုနေသည့် ထိုင်းလူမျိုးများ၏ ဆန့်ကျင်မှုကို ရင်ဆိုင်ခဲ့ရသည်။

ယခုအခါတွင်လည်း ဆန္ဒပြသူများသည် ပရာယွတ်ချန် အိုချာ အား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုနေကြသည်။ ဘန်ကောက်မြို့မြောက်ပိုင်းရှိ တက္ကသိုလ်တစ်ခုတွင် ကျောင်းသားများက ဗုဒ္ဓဟူးနေ့တွင် ဆန္ဒပြခဲ့ကြသည်။
သို့သော်လည်း ဝန်ကြီးချုပ်သည် နောက် ၂ နှစ်ကြာသည်အထိ ရာထူးတွင် ဆက်လက်ရှိနေမည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

အတိုက်အခံများသည် ပရာယွတ်ကို တရားဥပဒေနှင့် ဥပဒေပြုရေးနည်းလမ်းများဖြင့် ဖယ်ရှားရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ဝန်ကြီးချုပ်သည် ရာထူးတွင် ဆက်လက်ရှိနေခဲ့သည်။

Source – TNN / ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။