Trending Now

တပ်မတော်ပိုင် စက် ၂ လုံးကို အသုံးပြုပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့က Quarntine ဝင်နေသူတွေနဲ့ တပ်မတော်သား လွှတ်တော်ကိ်ုယ်စားလှယ်တွေကို COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးသွားဖို့ အစိုးရစီစဉ်

Spread the love

တပ်မတော်ပိုင် စက် ၂ လုံးကို အသုံးပြုပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့က Quarntine ဝင်နေသူတွေနဲ့ တပ်မတော်သား လွှတ်တော်ကိ်ုယ်စားလှယ်တွေကို COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးသွားဖို့ အစိုးရစီစဉ်

EPN
နေပြည်တော်၊ မေ ၄

တပ်မတော်ပိုင် COBAS 6800 စက် (၂) လုံး အသုံးပြုပြီး တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ၊ နေပြည်တော်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့က Quarantine မှာ ထားရှိသူတွေကို COVID-19ရောဂါပိုး ရှိ/မရှိ စစ်ဆေးသွားဖို့ စီစဉ်ထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ မေလ ၄ ရက်နေ့ ညပိုင်းက သမ္မတအိမ်တော်သတင်းထောက်တွေပါဝင်ဖွဲ့စည်းထားတဲ့ အိမ်တော်သတင်းထောက်များ အဖွဲ့ ကနေတစ်ဆင့် အတည်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ ရှင်းလင်းပြောဆိုချက်အရ နေပြည်တော်ရှိ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ စက်ဖြင့် (က) တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ (ခ) နေပြည်တော်ကောင်စီနယ်မြေနဲ့ နေပြည်တော်ကောင်စီနဲ့ ထိစပ်နေတဲ့ တိုင်းဒေသကြီး/ပြည်နယ်များမှ Community Based Facility Quarantine မှာ ထားရှိသူများအား COVID19 ရှိ /မရှိ စစ်ဆေးရန် သတ်မှတ်ထားပြီး ရန်ကုန်ရှိ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ စက်ဖြင့် COVID19 ရှိ /မရှိ စစ်ဆေးမည့် သူများကတော့ ထိုင်းနိုင်ငံက ပြန်လည်ရောက်ရှိလာပြီး ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ ရှိတဲ့ Community Based Facility Quarantine ဝင်ရတဲ့ ရွှေ့ပြောင်းအလုပ်သမားများအား လိုအပ်ပါက စမ်းသပ်စစ်ဆေးရန် သတ်မှတ်ထားပြီး ဖြစ်ပါတယ် သိရပါတယ်။

အောင်ဆန်းဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။