Trending Now

ကမ္ဘာလုံးဆိုင်ရာ ရေကြီးမှု၊ မိုးခေါင်မှုတို့ဟာ ပူနွေးလာမှုနဲ့အတူ ပိုဆိုးလာ

Spread the love

ကမ္ဘာလုံးဆိုင်ရာ ရေကြီးမှု၊ မိုးခေါင်မှုတို့ဟာ ပူနွေးလာမှုနဲ့အတူ ပိုဆိုးလာ

EPN
နိုင်ငံတကာ၊ မတ် ၁၄

Nature Water ဂျာနယ်မှာ ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုအရ ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ ရေကြီးမှု၊ မိုးခေါင်မှုတို့ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း သိသိသာသာတိုးလာခဲ့တယ်လို့ ဆိုပါတယ်။

လွန်ကဲတဲ့ မိုးခေါင်မှု၊ ရေကြီးမှုတွေကြောင့် သီးနှံပျက်စီးမှု၊ အခြေခံအဆောက်အုံပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ပဋိပက္ခတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။

လေ့လာမှုကို မြေအောက်ရေ၊ မျက်နှာပြင်ရေ၊ ရေခဲပြင်တွေအပါအဝင် ကမ္ဘာမြေရဲ့ ရေသိုလှောင်မှုအပြောင်းအလည်းကို တိုင်းတာဖို့ ဂြိုလ်တုတွေက အချက်အလက်ကို အသုံးပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကမ္ဘာကြီးပူနွေးလာမှု ဆက်လက်ဖြစ်ပေါ်နေပါက မကြာခဏပိုမိုပြင်းထန်သော မိုးခေါင်မှုနဲ့ မိုးသက်မုန်တိုင်တွေ ဆက်တိုက်ဖြစ်ပေါ်လာနိုင်ကြောင်း လေ့လာမှုက သတိပေးထားပါတယ်။

ဖောက်ပြန်မှုတွေကြောင့် ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေအပြင် အသုံးချခံနေရတဲ့ ဂေဟစနစ်ကို သိသိသာသာ ထိခိုက်စေလိမ့်မယ်လို့ လေ့လာမှုက အလေးပေးဖော်ပြထားပါတယ်။

ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေ တိုးမြင့်လာခြင်းဟာ ရုပ်ကြွင်းလောင်စာတွေ၊ ဖန်လုံးအိမ် ဓာတ်ငွေ့ထုတ်လွတ်မှု မြင့်တက်အောင်လုပ်နေတဲ့ လူသားတွေရဲ့ လုပ်ဆောင်ချက်ကြောင့်လို့ အသိပေးထားပါတယ်။

စိုစွတ်တဲ့ ဒေသတွေမှာ ပိုမိုစိုစွတ်လာမှာဖြစ်သလို ခြောက်သွေ့တဲ့ ဒေသတွေမှာ ပိုမိုခြောက်သွေ့လာမှာဖြစ်တဲ့အတွက် အနာဂတ်ရေအရင်းအမြစ်တွေကို စီမံခန့်ခွဲခြင်းနဲ့ ရေလွှမ်းမိုးမှုထိန်းချုပ်ခြင်းဆိုင်ရာ ချဉ်းကပ်မှုအသစ်ကို လိုအပ်မယ်လို့ လေ့လာချက်က မီးမောင်းထိုးပြထားပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။