Trending Now

ခြေစမ်းကစားပွဲ၌ ရလဒ်ကောင်းများ ပိုင်ဆိုင်ထားသည့် ကချင်ယူနိုက်တက် နိုင်ပွဲရ

Spread the love

ခြေစမ်းကစားပွဲ၌ ရလဒ်ကောင်းများ ပိုင်ဆိုင်ထားသည့် ကချင်ယူနိုက်တက် နိုင်ပွဲရ

EPN
ရန်ကုန်၊ မတ်-၂၃ (၂၀၂၄)

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ သီဟဒီပ အားကစားကွင်း၌ ယမန်နေ့ (မတ် ၂၃ ရက်)၊ ညနေပိုင်းက ယှဥ်ပြိုင်ကစားခဲ့သည့် ခြေစမ်းကစားပွဲတွင် ရလဒ်ကောင်းများ ပိုင်ဆိုင်ထားသည့် ကချင်ယူနိုက်တက်အသင်းမှ နိုင်ပွဲရရှိခဲ့သည်။

ကချင်ယူနိုက်တက်နှင့် ဒဂုံပေါ့အသင်းတို့သည် MNL League Cup 2024 ပွဲစဥ်များ ရပ်နားထားစဥ် ခြေစမ်းပွဲအဖြစ် ယှဥ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး ကချင်ယူနိုက်တက်အသင်းက ၂ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ကချင်ယူနိုက်တက်အတွက် သွင်းဂိုးများအား သန့်ဇော်ဟိန်းနှင့် ကျော်ဇင်ဦးတို့က သွင်းယူပေးခဲ့ကြခြင်းဖြစ်ပြီး ဒဂုံပေါ့အသင်းအတွက် ချေပဂိုးကို မိုဂူက ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ကချင်ယူနိုက်တက်အသင်းသည် ကျင်းပလျက်ရှိသည့် MNL League Cup 2024 ပြိုင်ပွဲတွင် ရ လဒ်ကောင်းများပိုင်ဆိုင်ထားပြီး (၂)ပွဲကစား၊ (၂)ပွဲနိုင်ဖြင့် အဆင့် (၂)တွင် ရပ်တည်နေကာ လာမည့် ပွဲစဉ် (၃)တွင် ရှမ်းယူနိုက်တက်အသင်းနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။