Trending Now

တရုတ်က လက်တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားနဲ့ ဂျပန်ကို ဗီဇာသစ်ထုတ်ပေးခြင်းရပ်ဆိုင်း

Spread the love

တရုတ်က လက်တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားနဲ့ ဂျပန်ကို ဗီဇာသစ်ထုတ်ပေးခြင်းရပ်ဆိုင်း

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၁

တရုတ်နိုင်ငံက ခရီးသွားတွေအပေါ် မကြာသေးမီက ချမှတ်ခဲ့တဲ့ ကိုဗစ်စည်းကမ်းတွေနဲ့ ပတ်သက်လို့ လက်တုံ့ပြန်တဲ့အနေနဲ့ ဂျပန်နဲ့ တောင်ကိုရီးယားက ခရီးသွားတွေကို ဗီဇာသစ်ထုတ်ပေးခြင်းရပ်ဆိုင်းလိုက်ကြောင်း တရုတ်သံရုံးက အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံအတွင်းမှာ ကိုဗစ်ဖြစ်ပွားမှုပြန်လည်မြင့်တက်လာတာကို ကိုးကားပြီး ဂျပန်နဲ့ တောင်ကိုရီးယားတို့အပါအဝင် ဥရောပနိုင်ငံတွေက တရုတ်ခရီးသွားတွေအပေါ်မှာ ပိုမိုတင်းကျပ်တဲ့ ကိုဗစ်စစ်ဆေးမှုတွေကို မကြာသေးမီက ချမှတ်ခဲ့ပါတယ်။

တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံအပေါ် ခွဲခြားဆက်ဆံသော ဝင်ခွင့်အစီအမံတွေကို ရုတ်သိမ်းတဲ့အထိ ခရီးသွား၊ စီးပွားရေးနဲ့ အခြားပြည်ဝင်ခွင့်ဗီဇာအားလုံးကို ပိတ်သိမ်းထားမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်နိုင်ငံက ခရီးသွားတွေအပေါ် ပိုမိုတင်းကျပ်တဲ့ စစ်ဆေးခြင်းတွေ လုပ်ဆောင်နေတဲ့ နိုင်ငံတွေကို တန်ပြန်အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ သီးတင်းပတ်က သတိပေးခဲ့ပါတယ်။

ဥရောပ၊ မြောက်အမေရိက နဲ့ အာရှနိုင်ငံအချို့က ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက သတင်းအချက်အလက်ထုတ်ပြန်မှုနည်းပါးတာကြောင့် ဗိုင်းရပ်စ်မျိုးကွဲသစ်တွေ ထွက်ပေါ်လာနိုင်တဲ့ အလားအလာကို စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

— ကိုးကား —
AP
Ref; China halts visas for Japan, South Korea in COVID-19 spat

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။