Trending Now

မြစ်ကြီးနားမြို့တွင် (၅)တန်းအရွယ်ကျောင်းသားတစ်ဦး ကြိုးဖြင့် ဆော့ကစားရင်း လည်ပင်းကြိုးကွင်းစွတ်ကာသေဆုံး

Spread the love

မြစ်ကြီးနားမြို့တွင် (၅)တန်းအရွယ်ကျောင်းသားတစ်ဦး ကြိုးဖြင့် ဆော့ကစားရင်း လည်ပင်းကြိုးကွင်းစွတ်ကာသေဆုံး

EPN
မြစ်ကြီးနား၊ ဧပြီ ၁ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ကချင်စုရပ်ကွက်တွင် ယမန်နေ့ (မတ်လ ၃၁ရက်နေ့)၊ ညနေ (၆)နာရီကျော်ခန့်က (၅)တန်းအရွယ် ကျောင်းသားတစ်ဦး သစ်ပင်ပေါ်တက်ကာ ကြိုးဖြင့် ဆော့ကစားရာမှ လည်ပင်းကြိုးကွင်းစွတ်ကာသေဆုံးသွားခဲ့ကြောင်း အနီးအနားရှိ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ယမန်နေ့၊ ညနေပိုင်းက ယင်းကလေးငယ်မှာ အိမ်ဘေးရှိ သစ်ပင်ပေါ် ကြိုးဖြင့် ဆော့ကစားရင်း ပြုတ်ကျရာ လည်ပင်းတွင် ကြိုးဖြင့်တုတ်နှောင်မိကာ သေဆုံးသွားခဲ့ကြောင်း အနီးအနားရှိ ရက်ကွက်နေသူတစ်ဦးက ပြောသည်။

” ကလေးက အဲ့ဒီသစ်ပင်မှာ အမြဲဆော့တယ်။ ညနေလောက်မှာပဲ သူ့အဘွားက ကြိုးနဲ့အပင်ပေါ် မဆော့ဖို့ပြောသေးတယ်။ ညနေလောက်မှာပဲ ကြိုးကပြတ်ပြီး လည်ပင်းမှာလဲ ကြိုးကွင်းကြီးနဲ့ ဖြစ်နေတာ ” ဟု ၎င်းကပြောသည်။

အဆိုပါ သေဆုံးသူ ကလေးငယ်မှာ အသက် (၁၄)နှစ်အရွယ် ကချင်စုရပ်ကွက်နေ မောင်ခါးလီဆိုသူဖြစ်ကာ အခြေခံပညာအဆင့် (၅)တန်းဖြေဆိုထားကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။