Trending Now

လူပေါင်း ၁၃၂ ဦးသေဆုံးခဲ့တဲ့ တရုတ်လေယာဉ်ပျက်ကျမှု စက်ချို့ယွင်းမှုကြောင့်မဟုတ်ဟုဆို

Spread the love

လူပေါင်း ၁၃၂ ဦးသေဆုံးခဲ့တဲ့ တရုတ်လေယာဉ်ပျက်ကျမှု စက်ချို့ယွင်းမှုကြောင့်မဟုတ်ဟုဆို

EPN

နိုင်ငံတကာ၊ မေ ၁၈

လူပေါင်း ၁၃၂ ဦးသေဆုံးခဲ့တဲ့ တရုတ်လေယာဉ်ပျက်ကျမှုဟာ စက်ချို့ယွင်းမှုနဲ့ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် မဟုတ်ဘူးလို့ လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေတဲ့ တာဝန်ရှိသူနှစ်ဦးက အခိုင်အမာပြောဆိုလိုက်ပါတယ်။

ကူမင်းမြို့ကနေ ကွမ်ကျိုးကို ပြေးဆွဲနေတဲ့ Boeing 737-800 အမျိုးအစား လေယာဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့မှာ ကွမ်ရှီးဒေသ တောင်တန်းတွေပေါ်မှာ ရုတ်တရက် ပြုတ်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လူ ၁၃၂ ဦးစလုံး သေဆုံးခဲ့တာဖြစ်ပါတယ်။

Boeing 737-800 ရဲ့ black box ထဲက မှတ်တမ်းအချက်အလက်တွေအရ လေယာဉ်မှူးခန်းအတွင်းကနေ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖျက်ချခဲ့တာလို့ ဝေါလ်စထရိ ဂျာနယ်က ဖော်ပြခဲ့ပါတယ်။

အဲ့ဒီကစ္စနဲ့ပတ်သက်ပြီး ဂျက်လေယာဉ်ထုတ်လုပ်တဲ့ ကုမ္မဏီနဲ့ အမေရိကန် အမျိုးသားသယ်ယူပို့ဆောင်ရေး နဲ့ ဘေးကင်းရေးဘုတ်အဖွဲ့ (NTSB) တို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြပြီး တရုတ်စည်းကမ်းထိန်းသိမ်းရေးသာ မေးမြန်းဖို့ဖြေကြားခဲ့ပါတယ်။

ဒါ့ကြောင့် အဆိုပါ လေယာဉ်ပျက်ကျနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေတဲ့ တရုတ်နိုင်ငံ မြို့ပြလေကြောင်း စီမံခန့်ခွဲရေး (CAAC) ကို မှတ်ချက်ပေးရန် တောင်းဆိုခဲ့ပေမယ့်လည်း တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ကူမင်းမြို့ကနေ ကွမ်ကျိုးကို ပြေးဆွဲနေတဲ့ Boeing 737-800 ပျက်ကျမှုဟာ ၂၈ နှစ်အတွင်း တရုတ်ပြည်မကြီးရဲ့ အသေအပျောက်အများဆုံး လေကြောင်းကပ်ဘေးတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Source – ရိုက်တာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။