Trending Now

မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း စက်သုံးဆီနှင့် ကုန်စည်ယာဉ်များစတင် ဖြတ်သန်းခွင့်ပြုမည်ဟု ပူတာအိုခရိုင် PDF အဖွဲ့မှ အသိပေးထုတ်ပြန်

Spread the love

မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း စက်သုံးဆီနှင့် ကုန်စည်ယာဉ်များစတင် ဖြတ်သန်းခွင့်ပြုမည်ဟု ပူတာအိုခရိုင် PDF အဖွဲ့မှ အသိပေးထုတ်ပြန်

EPN
မြစ်ကြီးနား၊ မတ် ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနား- ပူတာအိုလမ်းသို့ သွားလာမည့် စက်သုံးဆီ၊ ကုန်စည်ယာဉ်များအား မတ်လ(၂)ရက်နေ့မှစ၍ သတ်မှတ်ထားသည့် နံနက်(၆)နာရီမှ ညနေ(၅) အတွင်း ဖြတ်သန်းသွားလာခွင့်ပြုမည် ဖြစ်ကြောင်း ပူတာအိုခရိုင် PDF အဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် PDF-KIA ပူးပေါင်းတပ်များအကြား စစ်ရေးတင်းမာခဲ့သောကြောင့် မြစ်ကြီးနား- ပူတာအိုလမ်းကို အများပြည်သူများ အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှ (၂၈) နေ့အထိ ယာယီပိတ်ထားခဲ့ပြီး မတ်လ (၂) ရက်နေ့မှ စတင်၍ စက်သုံးဆီယာဉ်များနှင့် ကုန်စည်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းသို့ ဖြတ်သန်းခွင့်ပြုထားသော်လည်း တားမြစ်ကုန်စည်များဖြစ်သော ABC, Myanmar Beer, Dagon Beerများ တင်ဆောင်ခွင့် မပြုကြောင်းနှင့် စစ်ကောင်စီနှင့် ပတ်သက်သည့် ကုန်ပစ္စည်းများ၊ စစ်သားများ၊ စစ်လက်နက် ပစ္စည်းကိရိယာများ လုံးဝ(လုံးဝ) တင်ဆောင်ခွင့် မပြုကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့အပြင် မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းအား စက်သုံးဆီသယ်ယာဉ်များနှင့် ကုန်တင်ယာဉ်များသာ သတ်မှတ်ချိန်အတွင်း ဖြတ်သန်းသွားလာခွင့်ပြုသော်လည်း၊ ခရီးသည်များ တင်ဆောင်ခွင့် မပြုကြောင်းလည်း ပူတာအိုခရိုင် PDF အဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။