Trending Now

မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါး မှောင်ခိုတင်ပို့သူ တစ်ဦး ဘတ်ငွေသန်းပေါင်းများစွာနှင့်အတူ ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိ

Spread the love

မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါး မှောင်ခိုတင်ပို့သူ တစ်ဦး ဘတ်ငွေသန်းပေါင်းများစွာနှင့်အတူ ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိ

EPN
နိုင်ငံတကာ၊ ဧပြီ ၁

မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါး မှောင်ခိုတင်ပို့သည့် အမျိုးသားတစ်ဦးကို ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင် မယ်ဆိုင်မြို့ မူး ၆ ရွာတွင် ဘတ်ငွေသန်း ၂၀၀ ကျော်နှင့်အတူ ယနေ့နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပိုစ့် သတင်းဌာနက ဖော်ပြထားသည်။

ဝီရယာ ဆာမ အမည်ရှိ အသက် ၂၄ နှစ်အရွယ် အဆိုပါအမျိုးသားသည် လွန်ခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါးငွေ ဘတ်သန်း ၅၀၀ ကျော် မှောင်ခိုသယ်ယူပို့ဆောင် ပေးခဲ့ကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးဗျူရို က ပြောဆိုထားသည်။

ဝီရယာ ဆာမသည် မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းသည့် ကယ်ရီသမားတစ်ဦးဖြစ်ပြီး သယ်ယူပို့ဆောင်ရသည့် မူးယစ်ဆေးဝါးတန်ဖိုး ဘတ်တစ်သန်းတိုင်းအတွက် ဘတ် ၃၀၀၀ ကောက်ခံခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ဆာရာယွတ် ဆောင်ကြင်ဖိုခိုင် ပြောဆိုခဲ့သည်။

ပြီးခဲ့သောနှစ်တွင် မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါး မှောင်ခိုတင်ပို့မှုမှ တဆင့် ဝီရယာ သည် ဘတ်ငွေ သန်း ၅၀၀ ကျော် ရရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

၎င်းသည် မူးယစ်ဆေးနှင့်ပတ်သက်သော သံသယရှိသူ ၁၈ ဦးထဲမှ တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၀ ရက်က မက်သာဖက်တမင်း ဆေးပြား ၁ ဒသမ ၂ သန်းနှင့်အတူ ချင်းရိုင်ခရိုင် Muang ခရိုင်တွင် ဖမ်းမိသည့် သံသယရှိသူလေးဦး၏ သတင်းအချက်အလက်များကို စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

စီးနင်းမှုတွင် ရဲတပ်ဖွဲ့က စိတ်ကြွဆေးပြား ၁၇ သန်း၊ ဆေးခြောက် ၅၈၅ ကီလိုဂရမ်၊ ဘိန်းဖြူ ၉.၆ ကီလိုဂရမ်နှင့် ဘိန်း ၂၄ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သည့်အပြင် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် ဘတ်ငွေ သန်း ၂၀၀ ခန့် တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ကြောင်း ဗိုလ်မှူးကြီး ဆာရာယွတ်က ပြောသည်။

Source – ဘန်ကောက်ပိုစ့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။