Trending Now

ကမ္ဘာမြေပေါ်တွင် မတည့်သော်လည်း အကာသတွင် စည်လုံးခဲ့သည့် အမေရိကန်နှင့် ရုရှား အာကာသယာဉ်မှူး သုံးဦး ကမ္ဘာမြေပေါ်သို့ အတူတကွ ပြန်လည်ရောက်ရှိခဲ့

Spread the love

ကမ္ဘာမြေပေါ်တွင် မတည့်သော်လည်း အကာသတွင် စည်လုံးခဲ့သည့် အမေရိကန်နှင့် ရုရှား အာကာသယာဉ်မှူး သုံးဦး ကမ္ဘာမြေပေါ်သို့ အတူတကွ ပြန်လည်ရောက်ရှိခဲ့

EPN
နိုင်ငံတကာ၊ ဧပြီ ၁

ကမ္ဘာမြေပေါ်တွင် မတည့်သော်လည်း အကာသတွင် စည်လုံးခဲသည့် အမေရိကန်နှင့် ရုရှား အာကာသယာဉ်မှူး ၃ ဦးတို့သည် အာကာသသို့ ခရီးထွက်ပြီးနောက် ကမ္ဘာမြေပေါ်သို့ အတူတကွ ပြန်လည်ရောက်ရှိခဲ့ကြသည်။

နိုင်ငံတကာ အာကာသ စခန်းတွင် ရက်ပေါင်း ၃၅၅ ရက် ဆက်တိုက်နေထိုင်ခဲ့ကြသည့် အကာသယာဉ်မှူးများသည် နိုင်ငံတကာ အာကာသစခန်းတွင် ဆက်တိုက်နေထိုင်သည့်ရက် အကြာဆုံး အာကာသယာဉ်မှူးများ ဖြစ်လာကြောင်း သိရသည်။

အမေရိကန်နှင့် ရုရှားတို့ကြား ပူးပေါင်းဆောင်ရွက်မှု ရှားပါးသည့် လက္ခဏာတစ်ရပ်အနေဖြင့် နှစ်နိုင်ငံမှ အာကာသယာဉ်မှူးများသည် နိုင်ငံတကာ အာကာသစခန်းမှ ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိပြီးနောက် ကာဇက်စတန်တွင် ဆင်းသက်ခဲ့ကြသည်။

ရုရှားက ယူကရိန်းကို ဆက်လက်ကျူးကျော်တိုက်ခိုင်နေခြင်းကြောင့် သမိုင်းဝင်ပြိုင်ဘက် နှစ်နိုင်ငံအနေဖြင့် တင်မာမှုများ ရှိခဲ့သော်လည်း အမေရိကန်နှင့် ရုရှားတို့၏ လက်တွဲလုပ်ဆောင်နေဆဲဖြစ်သည့် နေရာတစ်ခုအဖြစ်ကျန်ရှိနေဆဲဖြစ်သည်။

နာဆာမှ အာကာသယာဉ်မှူး မာခ်ဗန်ဟီ ၊ ရုရှား အာကာသယာဉ်မှူး အန်တိုရှကာပေါလ် နှင့် ပါရိုတာ ဒီဘော့် တို့သည် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိပြီးနောက် ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်ရန်စီစဉ်ထားသည်။

နာဆာနှင့် အမေရိကန်နိုင်ငံက မာ့ခ်ကို ကြိုဆိုဂုဏ်ယူကြပြီး နိုင်ငံတကာ အာကာသစခန်းတွင် တစ်နှစ်ကြာနေထိုင်ခဲ့သည့် မယုံနိုင်လောက်စရာ ပံ့ပိုးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

source – npr


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။