Trending Now

ရေဦးမြို့နယ်မှာ အကြမ်းဖက်သမားတွေက ကိုရင်ကြီးတစ်ပါးကို ကြိုးတုပ် ဓားနဲ့ခုတ်သတ်ပြီး မီးရှို့

Spread the love

ရေဦးမြို့နယ်မှာ အကြမ်းဖက်သမားတွေက ကိုရင်ကြီးတစ်ပါးကို ကြိုးတုပ် ဓားနဲ့ခုတ်သတ်ပြီး မီးရှို့

EPN
ရေဦး၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ နှောကုန်းကျေးရွာ၊ နှောကုန်း ဇဝ ကျေးရွာသွားလမ်း မူးဘောင်မြှောက်လက်တံပေါ်မှာ အကြမ်းဖက်သမားတွေက ကိုရင်ကြီးတစ်ပါးကို ကြိုးတုပ် ဓားနဲ့ခုတ်သတ်ကာ၊ အလောင်းကို မီးရှို့ထားခဲ့တဲ့ ဖြစ်စဥ်တခု ဖေဖော်ဝါရီ ၁၈ ရက်၊ မနေ့ညနေပိုင်းက ဖြစ်ခဲ့တယ်လို့ ရေဦးမြို့ခံ လူမှုကူညီရေး အဖွဲ့တွေထံက သိရပါတယ်။

“လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ခန္ဓာကိုယ်နေရာအနှံ့ ထိုးသွင်း၊ ပြတ်ရှဒဏ်ရာတွေနဲ့ ပျံလွန်တော်မူနေတာပါ ” လို့ စေတနာ့ဝန်ထမ်း ပရဟိတသမားတစ်ယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရေဦးမြို့နယ်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတစ်ယောက်က ” အင်တောကျေးရွာ ၊ မင်းရွာမြောက္ ဘုန်းကြီးကျောင်းမှာ ကိုရင်ကြီးဝတ် သီတင်းသုံးနေတဲ့ ဦးစိန်မောင်း သတ်ခံရတာဖြစ်တယ် ၊စုံးစမ်းသိရတာက အကြမ်းဖက်သမားတွေက ဘုန်းကြီးကျောင်းထဲကိုဝင်ရောက်ပြီး ကိုရင်ကြီး ဦးစိန်မောင်းကိုယ် ကြိုးနဲ့တုပ် သေနတ်ထောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ် ၊ ကိုရင်ကြီးရဲ့ ရုပ်အလောင်းကို နှောကုန်းရွာနဲ့ ဇဝရွာသွားလမ်း မူးဘောင်မြှောင်းလက်တံပေါ်မှာ ပြန်တွေ့ရတာ ” လို့ ပြောပါတယ်။

အကြမ်းဖက် လူသတ်သမားတွေရဲ့ လက်ချက်ကြောင့် ပျံလွန်တော်မူသွားတဲ့ ကိုရင်ကြီး ဦးစိန်မောင်းဟာ ဘုန်းကြီးကျောင်းမှာ တရားဓမ္မဖြင့် နေထိုင်သူဖြစ်ပြီး ပါတီနိုင်ငံရေး ကင်းရှင်းကာ သီလသိက္ခာ ကောင်းမွန်သူဖြစ်တယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။