Trending Now

တောင်တော်ဝင် နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အားပေး စီမံကိန်း ပြီးစီး

Spread the love

တောင်တော်ဝင် နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အားပေး စီမံကိန်း ပြီးစီး

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၃

မန္တလေးတိုင်း ဒေသကြီး၊ မေတ္တမြို့နယ်၊ သံတွဲမြို့အနီးတွင် တည်ဆောက်နေသည့် တောင်တော်ဝင် နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အားပေး စီမံကိန်းသည် တည်ဆောက် ပြီးစီးနေပြီ ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါစီမံကိန်းသည် တစ်နှစ်လျှင် ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်ဓာတ်အား ၂၅ မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးသွားနိုင်သည့် စီမံကိန်းဖြစ်ပြီး photovoltaic (PV) ဆိုလာပြား ၄၅,၉၈၀ တပ်ဆင်ထားကြောင်း သိရသည်။

ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို (၃၃)ကေဗွီကောင်းကင် ဓာတ်အားလိုင်းဖြင့် (၁၃၂) ကေဗွီ တောင်တော်ကွင်းဓာတ်အားရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်တော်ဝင်ဆိုလာစွမ်းအင်စီမံကိန်းသည် ယခင်အစိုးရလက်ထက်က တင်ဒါခေါ်ယူခဲ့သည့် ၂၉ ခုအနက်မှ တစ်ခုဖြစ်ပြီး Green Power Energy Co Ltd မှ အဆိုပါစီမံကိန်းကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။

တောင်တော်ဝင်ဆိုလာဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်း ဒေသကြီး၊ မေတ္တမြို့နယ်၊ သံတွဲမြို့အနီးရှိ မြေဧက ၂၀၀ အနက် ဧက ၈၀ ပေါ်တွင် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် တတိယမြောက် အကောင်အထည်ဖော်ပြီးစီးခဲ့သည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ၂ဝ၁၉ ခုနှစ် ဇွန်လ(၂၇)ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြောက်ဓာတ်အားပေးစက်ရုံကို မန္တလေး တိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာ အနီးတွင် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ (၅)ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။