Trending Now

ဧရာဝတီတိုင်းတွင် တစ်လအတွင်း မိကျောင်းအကိုက်ခံရသည့်ဖြစ်စဉ် အပါဝင် သဘာဝဘေးအန္တရာယ် ၂၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ၃ ဦးသေဆုံးခဲ့

Spread the love

ဧရာဝတီတိုင်းတွင် တစ်လအတွင်း မိကျောင်းအကိုက်ခံရသည့်ဖြစ်စဉ် အပါဝင် သဘာဝဘေးအန္တရာယ် ၂၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ၃ ဦးသေဆုံးခဲ့

EPN
ပုသိမ် ဇူလိုင် ၊ ၁၈

ဧရာဝတီတိုင်းဒေသကြီးတွင် တစ်လအတွင်း မိကျောင်းအကိုက်ခံရသည့်ဖြစ်စဉ်အပါအဝင် သဘာဝဘေး အန္တရာယ် ၂၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၃ ဦးသေဆုံးခဲ့ရ ကြောင်း ဧရာဝတီတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှသိရသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် ဇွန်လ ၂ ရက်မှ မနေ့ဇူလိုင် ၁၇ ရက်အထိ တစ်လကျော်ကာလအတွင်း သဘာဝဘေး အန္တရာယ် ၂၆ကြိမ်ဖြစ်ပွားခဲ့ရာ မိကျောင်းအကိုက်ခံရမှု ၁ကြိမ်၊မီးဘေး ၂ ကြိမ်၊ လေပြင်းတိုက်ခတ်မှု ၇ ကြိမ်၊မိုးကြိုးဘေး ၃ ကြိမ်၊ကမ်းပြိုဘေး ၁၁ ကြိမ်၊တောဆင်ရိုင်းတိုက်ခိုက်ခံရမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး မိုးကြိုးဘေးကြောင့် သေဆုံးသူ ၃ ဦး၊ဒဏ်ရာရရှိသူ ၁ ဦးနှင့်မီးဘေးကြောင့်ဒဏ်ရာရရှိသူ ၁ ဦး၊မိကျောင်း အကိုက်ခံရသဖြင့်ဒဏ်ရာရရှိသူ ၁ဦးရှိခဲ့ကြောင်း သိရသည်။

”ဧရာဝတီတိုင်းမှာ တစ်လကျော်ကာလအတွင်း မိကျောင်း အကိုက်ခံရတာနဲ့ တောဆင်ရိုင်အန္တရာယ်ပြုတာတွေ အပါအဝင် သဘာဝဘေးအန္တရာယ် ၂၆ ကြိမ်ဖြစ်ပွားခဲ့ပါတယ် သေဆုံးခဲ့ရသူ ၃ ယောက်ရှိပြီး ဒဏ်ရာရရှိတဲ့သူကလည်း ၃ ယောက်ရှိတယ် ”ဟုဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဒါ့အပြင် ဧရာဝတီတိုင်းအတွင်း မြစ်ကမ်းပါတိုက်စားမှုများကြောင့် လုံးဝပျက်စီးသွားသည့် လူနေအိမ် ၁၅ လုံး၊ တစ်စိတ်တပိုင်းပျက်စီးသွားသည့် နေအိမ်အလုံး ၁၅၀ ၊ပြောင်းရွှေ့ခဲ့ရသည့်နေအိမ် ၁၄ လုံးရှိပြီးအိမ်ထောင်စု ၁၇၉ စု၊လူဦး ၁၂၉ဦး သဘာဝဘေးဒဏ် သင့်ခဲ့ရကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။