Trending Now

မိုးကောင်းမြို့နယ်မှ ပထမဆုံး COVID-19 စောင့်ကြည့်လူနာတွင် ပိုး(မတွေ့)

Spread the love

မိုးကောင်းမြို့နယ်မှ ပထမဆုံး COVID-19 စောင့်ကြည့်လူနာတွင် ပိုး(မတွေ့)

EPN
မိုးကောင်း၊ မတ် ၃၀

မိုးကောင်းမြို့နယ်မှ ပထမဆုံး သံသယရှိဖွယ် COVID-19 စောင့်ကြည့်လူနာဖြစ်သည့် အသက်ခြောက်နှစ် အရွယ် မိန်းခလေးငယ်တွင် ပိုးမတွေ့ကြောင်း ယနေ့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အသက်ခြောက်နှစ်အရွယ် မိန်းခလေးငယ်သည် မိုးကောင်းမြို့နယ် နမ္မတီးမြို့ပေါ်ရပ်ကွက်မှ ဖြစ်ပြီး COVID-19 သံသယ လက္ခဏာများတွေ့ရှိသဖြင့် စောင့်ကြပ် ကုသနိုင်ရန် မတ်လ (၂၈)ရက်နေ့က မြို့နယ် ပြည်သူ့ ဆေးရုံတွင် ထား၍ သွေးအဖြေကို အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်းသို့ပို့ဆောင်စစ်ဆေးခဲ့ရာ ယနေ့ မတ် (၃၀)ရက်နေ့က အကြောင်းပြန်ကြားရာတွင် အဖြေမှာ Negative ဖြစ်ကြောင်း မြို့နယ်ဆေးရုံ အုပ်ကြီးထံမှ သိရသည်။

လက်ရှိ မိုးကောင်းမြို့နယ်၌ ကိုဗစ်နိုင်တင်း သံသယဖြစ်ဖွယ် စောင့်ကြည့်ရမည့် လူနာထပ်မတွေ့သေး ကြောင်းနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများမှ ပြည်ပမှ ပြန်လာသူများကို စိစစ်လျှက်ရှိကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။