Trending Now

ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၄ ဦးကို ထိုင်းအလုပ်ရှင်တစ်ဦးရဲ့ အဓမ္မစေခိုင်းမှုကနေ ကယ်ထုတ်

Spread the love

ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၄ ဦးကို ထိုင်းအလုပ်ရှင်တစ်ဦးရဲ့ အဓမ္မစေခိုင်းမှုကနေ ကယ်ထုတ်

EPN
နိုင်ငံတကာ၊ မတ် ၃

အလုပ်ရှင်တစ်ဦးက ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၄ ဦးကို လုပ်အားခမပေးပဲ အဓမ္မစေခိုင်းနေတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ မဟာချိုင် လူအခွင့်အရေးအဖွဲ့က မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကန်ချနပူရီခရိုင်အတွင်းမှာ မြန်မာနိုင်ငံသား ၁၄ ဦးကို အလုပ်ရှင်ကလိမ်လည် လှည့်ဖြား ခေါ်ဆောင်ခဲ့ပြီး သူ့ရဲ့ ကြံစိုက်ခင်းထဲမှာ လစာမပေးဘဲ အလုပ်ခိုင်းစေခိုင်းတဲ့အပြင် လုပ်သားတွေရဲ့ အထောက်အထား စာရွက်စာတမ်းတွေကိုပါ သိမ်းဆည်းထားခဲ့ပါတယ်။

ဒါ့အပြင် အလုပ်ချိန်ကို သတ်မှတ်ထားတဲ့ အချိန်ထက် ပိုလုပ်ခိုင်းတဲ့အပြင် ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်တာတွေ ၊ သေနတ်နဲ့ခြိမ်းခြောက်တာတွေပါ လုပ်ဆောင်ခဲ့လို့ မြန်မာနိုင်ငံသားတွေက မဟာချိုင်လူ့အခွင့်အရေးအဖွဲ့ထံကို ဆက်သွယ်ခဲ့တာလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မဟာချိုင် လူ့အခွင့်အရေးအဖွဲ့က အစိုးရဌာနဖြစ်တဲ့ ကန်ချနပူရီခရိုင် ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တို့ ပူးပေါင်း ကာ အခင်းဖြစ်တဲ့နေရာကို သွားရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

တာဝန်ရှိသူတွေနဲ့ အတူ မတရားခိုင်းစေထားတဲ့ အလုပ်ရှင်ရဲ့ ကြံစိုက်ခင်းထဲကနေ မြန်မာလုပ်သား ၁၄ ဦးကို ကယ်တင်နိုင်ခဲ့ပေမယ့် အလုပ်ရှင်ဖြစ်သူဟာ နေအိမ်ကနေထွက်ပြေး လွတ်မြောက်သွားခဲ့တဲ့အတွက် ဥပဒေအရ အရေးယူနိုင်ဖို့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Ref; Mahachai

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။