Trending Now

ျမစ္ႀကီးနားၿမိဳ႕တြင္ လမ္းလယ္စတီးသံပန္းအား အရိွန္မထိမ္းႏိုင္သျဖင့္ ဝင္တိုက္ရာမွ ယာဥ္တိမ္းေမွာက္မႈျဖစ္

Spread the love

ျမစ္ႀကီးနားၿမိဳ႕တြင္ လမ္းလယ္စတီးသံပန္းအား အရိွန္မထိမ္းႏိုင္သျဖင့္ ဝင္တိုက္ရာမွ ယာဥ္တိမ္းေမွာက္မႈျဖစ္
EPN
ျမစ္ႀကီးနား ေဖေဖာ္၀ါရီ ၂၃

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ သီတာရပ္ကြက္ရိွ ဆြမ္ပရာလမ္းမႀကီးေပၚတြင္ ေဖေဖာ္၀ါရီ ၂၃ ရက္ နံနက္ ၁ နာရီခြဲက ယာဥ္တစ္စီးအရိွန္လြန္တိမ္းေမွာက္ခဲ့ေၾကာင္း ျမစ္ႀကီးနားယာဥ္ထိမ္းရဲတပ္ဖြဲ႕စုမွ သိရသည္။
ျဖစ္ပြားပံုမွာ ယေန႔နံနက္အေစာပိုင္းက
ျမစ္ႀကီးနားၿမိဳ႕ ဆြမ္ပရာလမ္းမႀကီးေပၚတြင္ ယာဥ္တိမ္း ေမွာက္ခဲ့ေၾကာင္း သတင္းအရ အမွတ္ ၉၈ ယာဥ္ထိန္းရဲတပ္ဖြဲ႕စုရံုးမွ ဒုတိယရဲအုပ္သက္ေ၀ၿဖိဳးႏွင့္ သက္ေသမ်ားက သြားေရာက္စစ္ေဆးရာ ဟိန္းေဇာ္ေထြး ၂၃ ႏွစ္ ေမာင္းႏွင္သည့္ mdy-2m/—-နံပတ္ပါ Mark-IIအမ်ိဳးအစားယာဥ္သည္ ဆြမ္ပရာဘြမ္လမ္းမႀကီးအတိုင္းေမာင္းႏွင္လာစဥ္ ဆြမ္ပရာ ဘြမ္လမ္းႏွင့္ ေဂါက္ကြင္းလမ္းဆံုအေရာက္တြင္ လမ္းလယ္ရိွ စတီးသံပန္းႏွင့္ ဓာတ္မီးတိုင္အား အရိွန္မထိန္းႏိုင္ဘဲ ဝင္ေရာက္တိုက္မိခဲ့သျဖင့္ ယာဥ္တိမ္းေမွာက္ခဲ့ေၾကာင္း သိရသည္။
ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္း ဟိန္းေဇာ္ေထြးသည္ ပြန္းပဲ့ဒဏ္ရာမ်ားရရိွခဲ့သျဖင့္ ျမစ္ ႀကီးနား ယာဥ္ထိမ္းရဲတပ္ဖြဲ႕မွ ျပည္သူ႔ေဆးရံုသို႔ပို႔ေဆာင္ေပးခဲ့ၿပီး
ယာဥ္မဆင္မျခင္ေမာင္းႏွင္သူ ဟိန္းေဇာ္ေထြး အသက္(၂၃)ႏွစ္၊ ျမစ္ႀကီးနားၿမိဳ႕ေနသူအား ျမစ္ႀကီးနားျမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၁၀/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၂၇၉/၃၃၇ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။
မိုးျမင့္
Photo win zaw oo (FB)
——————————————
မြစ်ကြီးနားမြို့တွင် လမ်းလယ်စတီးသံပန်းအား အရှိန်မထိမ်းနိုင်သဖြင့် ဝင်တိုက်ရာမှ ယာဉ်တိမ်းမှောက်မှုဖြစ်
EPN
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ဆွမ်ပရာလမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁ နာရီခွဲက ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်ခဲ့ကြောင်း မြစ်ကြီးနားယာဉ်ထိမ်းရဲတပ်ဖွဲ့စုမှ သိရသည်။
ဖြစ်ပွားပုံမှာ ယနေ့နံနက်အစောပိုင်းက မြစ်ကြီးနားမြို့ ဆွမ်ပရာလမ်းမကြီးပေါ်တွင် ယာဉ်တိမ်း မှောက်ခဲ့ကြောင်း သတင်းအရ အမှတ် ၉၈ ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ ဒုတိယရဲအုပ်သက်ဝေဖြိုးနှင့် သက်သေများက သွားရောက်စစ်ဆေးရာ ဟိန်းဇော်ထွေး ၂၃ နှစ် မောင်းနှင်သည့် mdy-2m/—-နံပတ်ပါ Mark-IIအမျိုးအစားယာဉ်သည် ဆွမ်ပရာဘွမ်လမ်းမကြီးအတိုင်းမောင်းနှင်လာစဉ် ဆွမ်ပရာ ဘွမ်လမ်းနှင့် ဂေါက်ကွင်းလမ်းဆုံအရောက်တွင် လမ်းလယ်ရှိ စတီးသံပန်းနှင့် ဓာတ်မီးတိုင်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဟိန်းဇော်ထွေးသည် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် မြစ် ကြီးနား ယာဉ်ထိမ်းရဲတပ်ဖွဲ့မှ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး
ယာဉ်မဆင်မခြင်မောင်းနှင်သူ ဟိန်းဇော်ထွေး အသက်(၂၃)နှစ်၊ မြစ်ကြီးနားမြို့နေသူအား မြစ်ကြီးနားမြို့မရဲစခန်းတွင် ယာဉ်(ပ)၁၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၃၇ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
မိုးမြင့်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။