Trending Now

မြန်မာနဲ့ တရုတ်နယ်စပ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ခေါင်းဆောင်နှစ်ဦးကို တရုတ်အာဏာပိုင်တွေက ဆုကြေးငွေထုတ်

Spread the love

မြန်မာနဲ့ တရုတ်နယ်စပ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ခေါင်းဆောင်နှစ်ဦးကို တရုတ်အာဏာပိုင်တွေက ဆုကြေးငွေထုတ်

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၃

မြန်မာနဲ့ တရုတ်နယ်စပ်မှရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးနိုင်ဖို့အတွက် သတင်းပေးနိုင်တဲ့ ဘယ်သူကိုမဆို ယွမ် ၁၀၀,၀၀၀ ကနေ ယွမ် ၅၀၀,၀၀၀ အထိ ဆုကြေးငွေပေးအပ်မယ်လို့ တရုတ်အာဏာပိုင်တွေက အောက်တိုဘာ ၁၂ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တရုတ်နိုင်ငံနဲ့ ဆက်နွယ်တဲ့ အင်တာနက်လိမ်လည်မှု အွန်လိုင်းရာဇဝတ်မှုတွေ ဖြစ်ပွားမှုများပြားလာပြီး တရုတ်နိုင်ငံသား အများအပြားအပေါ် ထိခိုက်မှုဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။

ယူနန်ပြည်နယ် ကူမင်းမြို့ ပြည်သူ့လုံခြုံရေးဗျူရိုတို့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ပေါက်ရန်ဘန်း နဲ့ ဟီချွမ်းတင် ဆိုတဲ့ အမျိုးသားနှစ်ဦးဟာ မြန်မာနိုင်ငံ မြောက်ပိုင်း ဆက်သွယ်ရေးလိမ်လည်မှု ရာဇဝတ်ဂိုဏ်တွေရဲ့ ခေါင်းဆောင်တွေဖြစ်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားလုပ်ဆောင်နေတဲ့ ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုတွေအတွက် သူတို့နှစ်ဦးမှာ အပြစ်ရှိကြောင်း စုံစမ်းစစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ယူနန်ပြည်နယ် ကူမင်းမြို့က သူတို့ကို ဖမ်းဆီးဖို့အတွက် လူသိရှင်ကြားဆုကြေးငွေပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

သူတို့နှစ်ဦးကို ဖမ်းဆီးနိုင်ဖို့အတွက် ထိရောက်စွာ သဲလွန်စပေးနိုင်သူနဲ့ ဖမ်းဆီးရာမှာကူညီပေးမယ့် ဘယ်သူကိုမဆို တရုတ်နိုင်ငံအာဏာပိုင်တွေက ဆုကြေးငွေအဖြစ် ယွမ် ၁၀၀,၀၀၀ ကနေ ယွမ် ၅၀၀,၀၀၀ ချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။