Trending Now

အသတ်ခံလိုက်ရတဲ့ ပြစ်သစ် ဆယ်ကျော်သက်ရဲ့ အဖွားဖြစ်သူက အဓိကရုဏ်းတွေ အဆုံးသတ်ဖို့ တောင်းဆို

Spread the love

အသတ်ခံလိုက်ရတဲ့ ပြစ်သစ် ဆယ်ကျော်သက်ရဲ့ အဖွားဖြစ်သူက အဓိကရုဏ်းတွေ အဆုံးသတ်ဖို့ တောင်းဆို

EPN
နိုင်ငံတကာ၊ ဇူလိုင် ၃

ပြစ်သစ်မှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ် Nahel M သေဆုံးမှုနဲ့ ပတ်သက်ပြီး နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ အဆိုးရွားဆုံး အဓိကရုဏ်းတွေကို ရပ်တန့်ပေးဖို့ အဖွားဖြစ်သူက တောင်းဆိုလိုက်ပါတယ်။

“Nahel ကို အကြောင်းပြပြီး အဓိကရုဏ်းတွေဖြစ်ပွားအောင်လုပ်နေတဲ့ သူတွေ ရပ်တန်းက ရပ်လိုက်ပါ။ ခင်ဗျားတို့ဟာ Nahel ကို ဆင်ခြေတစ်ခုအနေနဲ့ အသုံးပြုပြီး အရာရာကို ချိုးဖောက်နေတာဖြစ်ပါတယ်။” လို့ Nadia ဆိုတဲ့ အမျိုးသမီးက ပြောပါတယ်။
မြောက်အာဖရိကနွယ်ဖွား ဆယ်ကျော်သက် လူငယ်ပစ်ခတ်ခံရတဲ့ ဗီဒီယိုဖိုင်မှာ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှု နဲ့ ပတ်သက်ပြီး မြို့ပြအသိုင်းအဝိုင်းတွေကြားမှာ မငြိမ်မသက်မှုတွေ စတင်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ပါရီမြို့ဆင်ခြေဖုံးက ခန်းနားတဲ့ ဗလီတစ်ခုမှာ ပြီးခဲ့တဲ့အပတ် စနေနေ့က ပြုလုပ်ခဲ့တဲ့ Nahel ရဲ့ ဇာပနပွဲကို လူပေါင်းထောင်နဲ့ချီတက်ရောက်ခဲ့ကြပြီး မိသားစုဝင်တွေကို ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

အဲ့ဒီနောက် ပြစ်သစ်နိုင်ငံတစ်ဝှမ်းမှာ ၅ ရက်ဆက်တိုက် ဆူပူအုံကြွမှုတွေဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတွေက အများပြည်သူသုံး ကားတွေကို မီးအရှို့ဖျက်ဆီးခဲ့ကြပြီး ဈေးဆိုင်အများအပြားလဲ လုယက်ဖျက်ဆီးခံခဲ့ရပါတယ်။

နိုင်ငံအတွင်း အဆိုးရွားဆုံး လူမှုရေး ကသောင်းကနင်းဖြစ်မှုတွေကို ချေမှုန်းဖို့အတွက် ပြင်သစ်အာဏာပိုင်တွေက ရဲတပ်ဖွဲ့ဝင် ၄၅,၀၀၀ ကို ဖြန့်ကျက်ထားခဲ့ရတဲ့အထိ ရုန်းရင်ဆန်ခတ်တွေ ဖြစ်ပွားနေပါတယ်။

Ref; Aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။