Trending Now

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး ပြန်လည်တည်ဆောက်ရေး နည်းလမ်းရှာမယ်လို့ အိန္ဒိယပြော

Spread the love

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး ပြန်လည်တည်ဆောက်ရေး နည်းလမ်းရှာမယ်လို့ အိန္ဒိယပြော

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၇

အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမတည်ဆောက်ရေး စီမံကိန်းဟာ အလွန်ခက်ခဲတဲ့ စီမံကိန်းတစ်ခုဖြစ်ပေမယ့် စီမံကိန်းပြန်လည်စတင်နိုင်ဖို့ နည်းလမ်းရှာဖွေသွားမယ်လို့ အိန္ဒိယပြည်ပရေးရာဝန်ကြီး S Jaishankarက ပြောပါတယ်။

၁၂ ကြိမ်မြောက် မဲခေါင်ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေး (MGC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပါဝင်တက်ရောက်ဖို့ ထိုင်းနိုင်ငံ ဘန်းကောက်မြို့ ရောက်ရှိနေချိန်မှာ Jaishankar ပြည်လည်စတင်ဖို့ နည်းလမ်းရှာဖွေနေကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ကီလိုမီတာ ၁၄၀၀ ခန့် ရှည်လျားတဲ့ အဆိုပါ အဝေးပြေးလမ်းမကြီးဟာ လက်ရှိအချိန်မှာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီနေပြီဖြစ်ပေမယ့် မြန်မာ့နိုင်ငံရေးအခြေအနေတွေကြောင့် ဆက်လက် အကောင်အထည်ဖော်ဖို့ နှောင့်နေးနေတာလို့ ဝန်ကြီးက ပြောပါတယ်။

အဲဒီအဝေးပြေးလမ်းမကြီး တည်ဆောက်ပြီးစီးသွားပါက နိုင်ငံအချင်းချင်း ကုန်သွယ်မှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ခရီးသွားလာရေးဆိုင်ရာ ဆက်ဆံမှုတွေကို မြှင့်တင်သွားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Ref; timesofindia

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။