Trending Now

လင်မယားနှစ်ဦးကို ကားဖြင့်ဝင်တိုက်ပြီး ကားသမားမောင်းပြေး

Spread the love

လင်မယားနှစ်ဦးကို ကားဖြင့်ဝင်တိုက်ပြီး ကားသမားမောင်းပြေး

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၂ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက် ဂေါက်ကွင်းအနီးတွင် လင်မယားနှစ်ဦးအား ကားဖြင့်ဝင်တိုက်ပြီး ကားသမားမောင်းပြေးသွားသည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ည ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မျိုးဆက်သစ်လူမှုကူညီရေး အသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ည ၁၁ နာရီ အချိန်ခန့်က လင်မယားနှစ်ဦးမှာ ပွဲကြည့်ပြီး မိမိအိမ်သို့ပြန်ခဲ့ရာ ကားတစ်စီးမှ အနောက်ဘက်မှ ဝင်တိုက်ခဲ့သည့်အတွက် အမျိုးသားမှာ ဦးခေါင်းကွဲ ဒဏ်ရာရရှိပြီး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

” လင်မယားနှစ်ယောက်က ပွဲကအပြန်အိမ်ကိုပြန်ကြတဲ့အချိန် ကားတစ်စီးကအနောက်ကနေ ဝင်တိုက်သွားတာ။ လင်မယားနှစ်ယောက်က လမ်းလျှောက် နေတာကို နောက်ကနေ ဝင်တိုက်သွားတာ။ အမျိုးသားဖြစ်သူက ကျောက်ခဲနှင့် ထိပြီး ခေါင်းပေါက်သွားလို့ သတိမေ့နေတာ။ အခုတော့ဆေးရုံမှာ ဆေးကုသနေ တယ် ” ဟု ၎င်းကဆိုသည်။

ကြက်ပေါင်ခြံရပ်ကွက်နေ အသက် (၃၀) ဝန်းကျင်ရှိ လင်မယားနှစ်ဦးကို ကားဖြင့်ဝင်တိုက်မှုကြောင့် အမျိုးသမီးဖြစ်သူမှာ ခန္ဒာကိုယ်ထိခိုက်ဒဏ်ရာ၊ အမျိုးသားဖြစ်သူမှာ ဦးခေါင်းဒဏ်ရာဖြင့် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။