Trending Now

၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာအသင်းအတွက် ပထမဆုံးရွှေတံဆိပ်ဆုစတင်ရရှိ

Spread the love

၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာအသင်းအတွက် ပထမဆုံးရွှေတံဆိပ်ဆုစတင်ရရှိ

EPN
မြစ်ကြီးနား၊ မေ ၁၂

ဗီယက်နမ်နိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် မြန်မာနိုင်ငံမှပထမဆုံးရွှေတံဆိပ်ဆုအား စတင်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပထမဆုံးရွှေတံဆိပ်ဆုအား KURASH အားကစားနည်းမှစတင်ရရှိခဲ့ခြင်းဖြစ်ကာ မြန်မာအားကစားသမားမအေးအေးအောင်မှ အမျိုးသမီး +87Kg တန်းမှရရှိခဲ့ခြင်းဖြစ်သည်။

ယင်း KURASH အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆုကိုလည်း အမျိုးသမီးအားကစားသမားမခင်ခင်စု မှ +48 Kg တန်းတွင် မေ ၁၀ ရက် နေ့ကရရှိထားခဲ့သည်။

လက်ရှိကျင်းပနေသည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှပြီး ရွှေတံဆိပ်တခု၊ ကြေးတံဆိပ် ၁ ခု စုစုပေါင်း ဆုတံဆိပ် ၂ ခု နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှု အဆင့် ၇ တွင်ရပ်တည်နေကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။